ကော့ကရိတ်မြို့ကို ဝင်ရောက်တိုက်သည့် KNU/PDF အကြမ်းဖက်အဖွဲ့များ အကျအဆုံးများပြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ကော့ကရိတ်မြို့ကို ဝင်ရောက်တိုက်သည့် KNU/PDF အကြမ်းဖက်အဖွဲ့များ အကျအဆုံးများပြား


MNP ၊ ဒီဇင်ဘာ ၁

ကော့ကရိတ်မြို့နယ်အတွင်း ဝင်ရောက်တိုက်ခိုက်သော KNU/PDF အကြမ်းဖက်အဖွဲ့များ ကျဆုံး၊ ထိခိုက်ဒဏ်ရာရ များပြားသည်ဟု ယနေ့ည ထိတွေ့မှုဖြစ်စဉ်များ ထုတ်ပြန်ပြောကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်း က ထည့်သွင်း ပြောကြားသွားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်း က "ကရင်ပြည်နယ်ဘက်မှာတော့ ဒီနေ့မှာ ကော့ကရိတ်မြို့ရဲ့ နေရာ (၈)နေရာကို KNU/PDF အကြမ်းဖက်အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်တာ ရှိပါတယ်။ ဒီနေရာမှာတော့ တိုက်ပွဲ တနေကုန်နီးပါး ဖြစ်ပွားခဲ့ပါတယ်။ KNU/PDF အဖွဲ့က ကျဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှု များပြားတယ်ဆိုတာ သိရပါတယ်။ ကော့ကရိတ်မြို့ရဲ့ အခြေအနေကတော့ အခုချိန်မှာ ချောင်းမြောင်း ပစ်ခတ်တာ၊ အဝေးကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာမျိုးပဲ ရှိပါတယ်။" ဟု ပြောသည်။

KNU/PDF အကြမ်းဖက်အဖွဲ့များသည် ကော့ကရိတ်မြို့ကို မကြာခဏ ပစ်မှတ်ထား၍ ဝင်ရောက်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့်အပြင် ရထားလမ်းများ၊ တံတားများကို မိုင်းခွဲဖျက်ဆီးခြင်း၊ ဓာတ်ငွေ့ပိုက်လိုင်းများကို မိုင်းခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)