MNP ၊ ဒီဇင်ဘာ ၁
ရှမ်းပြည်(မြောက်ပိုင်း)တွင် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် MNDAA, TNLA, PDF အကြမ်းဖက်အုပ်စုများက သီပေါမြို့နယ်အတွင်းရှိ စဉ့်အင်တံတားကို ယနေ့ ညနေပိုင်းတွင် ထပ်မံဖောက်ခွဲ ဖျက်ဆီးပစ်လိုက်ကြောင်း သိရသည်။
ဒေသခံသတင်းများအရ "မနက်ပိုင်းက မကျိုးခဲ့သော စဉ့်အင်တံတားကြီး ညနေပိုင်း ထပ်မံဖောက်ခွဲခံရတာကြောင့် ကျိုးကျသွားပါပြီ။ မနက်ပိုင်းက တံတားချဉ်းကပ်လမ်း နေရာတွေ မကျွံသေးဘူး။ နေ့လည်က တော့ ဟိုက်ဂျက်(၁)စီး တံတားထိပ်မှာ သေနတ်မှန်ထားတာ တွေ့တယ်။ အနီးနားက ကားတွေတော့ ဖြတ်သွား ကြတယ်။ ခုတော့(လုံးဝ)ကျိုးသွားခဲ့ပြီ။" ရေးသား ဖော်ပြထားသည်။
သီပေါ - လားရှိးသွားရမည့်သူများ (လားရှိး-အီနိုင်း-မန်စံ-ပန်လုံ-သီပေါ) လမ်းအတိုင်း သွားရင် အဆင်ပြေကြောင်း၊ မိုင်းရယ်ဘက်က ပတ်သွားရင် ခရီးဝေးလွန်းကြောင်း ဒေသခံများက ရေးသားအသိပေးထားသည်။
Photo Crd -
https://t.me/MyanmarNationalPost



No comments:
Post a Comment