MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က စစ်ဘေးရှောင် ပြည်သူများထဲက အသက် ၁၅နှစ်နှင့် ၄၀ ကြား လူငယ်များကို တပ်သားအဖြစ် စုဆောင်းနေကြောင်း သိရ - Myanmar National Post

Myanmar National Post

News Agency

Breaking

MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က စစ်ဘေးရှောင် ပြည်သူများထဲက အသက် ၁၅နှစ်နှင့် ၄၀ ကြား လူငယ်များကို တပ်သားအဖြစ် စုဆောင်းနေကြောင်း သိရ


MNP ၊ ဒီဇင်ဘာ ၂

လောက်ကိုင်မြို့တွင် သွားရောက်အလုပ်လုပ်ကိုင်နေရာမှ ပြန်လာကြသူများထဲမှ အသက် ၁၅နှစ်နှင့် အသက် ၄၀ ကြား လူငယ်များကို MNDAA က ဖမ်းဆီးထားပြီး တပ်သားအဖြစ် စုဆောင်းမှုများ လုပ်ဆောင်နေသည်ကို ကြားသိရကြောင်း ယနေ့ည ထိတွေ့မှုဖြစ်စဉ်များ ထုတ်ပြန်ပြောကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်း က ထည့်သွင်းပြောကြားသွားခဲ့သည်။


ဗိုလ်ချုပ်ဇော်မင်းထွန်းက "လောက်ကိုင်ကနေ လောက်ကိုင်မှာသွားပြီး အလုပ် လုပ်ကိုင်နေတဲ့ သူတွေ ရှိပါတယ်။ ပြန်လာတဲ့အခါမှာလည်း အရွယ်ကောင်းတွေ ဖြစ်တဲ့ အသက်၁၅နှစ်နဲ့ ၄၀ ကြားမှာရှိတဲ့ လူငယ်တွေကို ပြန်လွှတ်မပေးဘဲနဲ့ MNDAA အနေနဲ့ ဖမ်းဆီးခေါ်ဆောင်ပြီး စစ်သားစုဆောင်းနေတယ်ဆိုတဲ့ သတင်းများလည်း ရရှိပါတယ်။ အဓိကအားဖြင့် ရှမ်းလူမျိုးနဲ့ တအာင်းတွေကို စုဆောင်းနေတယ်ဆိုတာ ကျွန်တော်တို့ သိရပါတယ်။ သူတို့အနေနဲ့ ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေးလို့ အမည်တပ်ထားပေမယ့် သူတို့လုပ်ကိုင်နေတာတွေသည် အလုံးစုံပျက်သုဉ်းရေး၊ ပြည်သူတွေရဲ့ စီးပွားရေးကို အဓိကထိခိုက်တဲ့ လမ်းပမ်းဆက်သွယ်ရေးကို အဓိက ထိခိုက်တဲ့ လုပ်ဆောင်နေတဲ့အပြင် အခုနောက်ပိုင်းမှာ အတင်းအဓမ္မစစ်သားစုဆောင်းမှုကိုပါ လုပ်ဆောင်နေတာ တွေ့ရပါတယ်။" ဟု ရှင်းလင်းပြောဆိုသွားသည်။ 

အကြမ်းဖက်သောင်းကျန်းသူများအနေနဲ့ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ ဆက်သွယ်ထားတဲ့ ပြည်ထောင်စုလမ်းမကြီး၊ မန္တလေး - မူဆယ် လမ်းပိုင်းမှာ ရှိတဲ့ တံတားများချိုးတာတွေ၊ လမ်းတွေကို ကျင်းတွေတူးပြီးတော့ သွားလို့လာလို့မရအောင် လုပ်တာတွေ ဒါတွေ အမြဲတမ်းဆောင်ရွက်နေသည်ကို တွေ့ရကြောင်း ထည့်သွင်းပြောဆိုသွားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)