ပြည်မြို့တွင် ဆရာတော်၊ သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှု ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးနှံဆောင်ရွက်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်မြို့တွင် ဆရာတော်၊ သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှု ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးနှံဆောင်ရွက်ပေး





MNP ၊ ဒီဇင်ဘာ ၂

မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၃)ကိုကြိုဆို ဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပြည်မြို့သာသနာ့ ဗိမာန်တော်ကြီး၌ ပြည်မြို့ပေါ်ရပ်ကွက်ဘုန်းတော်ကြီးကျောင်းတိုက်များမှ ဆရာတော်/သံဃာတော်များအား ရာသီတုပ်ကွေးရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ပြည်ခရိုင်နှင့်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်ပေးကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာငြိမ်းငြိမ်း‌အေး ဦးဆောင်သော ဆရာဝန်များနှင့်ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ် ကျောင်းတိုက် အသီးသီးမှ ဆရာတော်/သံဃာတော် ၉၅ပါးအား ရာသီတုပ်ကွေးရောဂါကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးကြပြီး ယင်းဆောင်ရွက်မှုအား ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ဆန်းဌေးမောင်နှင့် ခရိုင်နှင့်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ လာရောက်ကြည့်ရှုအားပေးကာ အာဟာရဖြည့်အချိုရည်များ ဆက်ကပ်လှူဒါန်းကြပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြသည်။

ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှော ဖလှယ်ပွဲ (၂၀၂၃)ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် "လူတိုင်းအသက်ရှည်ကျန်းမာဖို့၊ ပြည်သူ့ကျန်းမာရေးမြှင့်တင်စို့" ဆောင်ပုဒ်နှင့်အညီ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို နိုင်ငံတစ်ဝန်း၌ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။


ကိုဆက်

Myanmar National Post

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)