ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG အကြမ်းဖက်အဖွဲ့ကို ထောက်ခံအားပေးပြီး အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့သည့် တရားခံများအား စစ်ခုံးရုံးမှ ပြစ်ဒဏ်အသီးသီး ချမှတ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG အကြမ်းဖက်အဖွဲ့ကို ထောက်ခံအားပေးပြီး အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့သည့် တရားခံများအား စစ်ခုံးရုံးမှ ပြစ်ဒဏ်အသီးသီး ချမှတ်



MNP ၊ ဒီဇင်ဘာ ၂

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG အကြမ်းဖက်အဖွဲ့ကို ထောက်ခံအားပေးပြီး ဒေသတွင်း အကြမ်းဖက်လှုံ့ဆော်မှု ပြုလုပ်ခဲ့သူများ၊ အကြမ်းဖက်သမားများကို စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ်များတွင် စစ်ခုံရုံးတွင် စစ်ဆေးပြီး ပြစ်ဒဏ်များ ချမှတ်လျက်ရှိရာ ၁-၁၂-၂၀၂၃ ရက်တွင် ရွှေဘိုမြို့နယ်မှ တရားခံ(၂)ဦးအား ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။

ရွှေဘိုမြို့နယ်တွင် နေထိုင်လျက်ရှိပြီး PDFအကြမ်းဖက်သမားများအား ငွေကြေးနှင့် ရိက္ခာများ အကြိမ်ကြိမ်ထောက်ပံ့ခြင်း၊ လုံခြုံရေးတပ်ဖွဲများ၏ လှုပ်ရှားမှုများအား အကြမ်းဖက်အဖွဲ့ထံ အကြိမ်ကြိမ်သတင်းပို့ခြင်း၊ NUG အကြမ်းဖက်အဖွဲ့ က ပေးသည့် ငွေကြေးနှင့် ရိက္ခာများလက်ခံရယူခြင်း၊ NUG အကြမ်းဖက်အဖွဲ့က ဖွင့်လှစ်သည့် ကျောင်းတွင် စာသင်ကြားပေးခြင်းနှင့် အစိုးရဝန်ထမ်းများအား ပြစ်မှုကျူးလွန်စေရန် လှုံ့ဆော်ခြင်းတို့အား  ကျူးလွန်ခဲ့သူ တရားခံ လှိုင်းကျော်ကျော်ဦး(ခ)မိုးလုံ နှင့် ခင်မျိုးမွန် တို့အား စစ်ခုံရုံးတွင် စစ်ဆေးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ၅၂(က) ၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က(ဂ)တို့အရ ထောင်ဒဏ်တစ်သက် ကျခံစေရန် ချမှတ်ခဲ့ကြောင်း သိရသည်။


အလားတူ ၁-၁၂-၂၀၂၃ ရက်နေ့က ရွှေဘိုမြို့နယ်တွင် နေထိုင်လျက်ရှိပြီး မိုင်းများပြုလုပ်ကာ အများပြည်သူ များ၏ အသက်အား ထိခိုက်သေကြေစေရန် လူအများသွားလာသည့်လမ်းပေါ်တွင် မိုင်းများထောင်ခြင်း၊ အကြမ်းဖက်သင်တန်းတက်ရောက်ပြီး အကြမ်းဖက်အုပ်စုတွင် ပါဝင်ဆောင်ရွက်ခြင်းတို့အား ကျူးလွန်ခဲ့သူ တရားခံ ကျော်မျိုးသူ(ခ) ကျော်မျိုး နှင့် အောင်ပြည့်ဖြိုး တို့အား စစ်ခုံရုံးတွင် စစ်ဆေးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ၅၀(က)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ၅၂(က)တို့အရ ထောင်ဒဏ်တစ်သက် ကျခံစေရန် ချမှတ်ခဲ့ကြောင်း သိရသည်။


ထို့အပြင် ရွှေဘိုမြို့နယ်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အုပ်စုအတွက် လက်နက် ခဲယမ်းများ ဝယ်ယူရန် ခရီးသွားယာဉ်များနှင့် ကျေးရွာတွင်းက ဆက်ကြေးကောက်ခံခြင်း၊ အကြမ်းဖက်သင်တန်းသက်ရောက်ခဲ့ခြင်းနှင့် ကင်းစောင့်ပေးခြင်းတို့အား ကျူးလွန်ခဲ့သူ တရားခံ အောင်ပို နှင့် သက်မင်းထက် တို့အား စစ်ခုံရုံးတွင် စစ်ဆေးခဲ့ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ၅၀(ည)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ၅၂(က) တို့အရ ထောင်ဒဏ်တစ်သက် ကျခံစေရန် ချမှတ်ခဲ့ကြောင်း သိရသည်။


ထို့အပြင် ၁-၁၂-၂၀၂၃ ရက်နေ့က ရွှေဘိုမြို့နယ်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်သမားများ ရှိကြောင်း သိလျက်နှင့် လုံခြုံရေးတပ်ဖွဲ့များထံ သတင်းပို့ခြင်းမရှိဘဲ ခိုလှုံခွင့်ပေးခဲ့သူများဖြစ်သည့် တရားခံ ပန်းအိနိုင်၊ အေးဇာသင်းနှင့် အေးမြတ်မွန် တို့အားစစ်ခုံရုံးတွင် စစ်ဆေးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ၅၂(ခ) တို့အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၇ နှစ် ကျခံစေရန် ချမှတ်ခဲ့ကြောင်း သိရသည်။


စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားသည့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း ပြစ်မှုကျူးလွန်သူများအား စစ်ခုံရုံးတွင် စစ်ဆေးစီရင်၍ ပြစ်မှုကျူးလွန်သူ (၃၁၅) ဦးအား ပြစ်ဒဏ်များ ချမှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)