အကြမ်းဖက်လှုပ်ရှားမှုတွေမှာ ပြည်ပြေး ဝရမ်းပြေးတွေများတဲ့ NUG နဲ့ KIA သောင်းကျန်းသူအဖွဲ့ လက်တွဲဆောင်ရွက်နေတာကို အထူးပြောဖို့ လိုမယ်မထင်ပါဘူး။ NUG က မကွေးနဲ့ စစ်ကိုင်းမှာ ရှိတဲ့ သူတို့ရဲ့ သြဇာခံ အကြမ်းဖက်သမားများထံ ထောက်ပံ့ပေးဖို့ ၁၀ ဘီးယဉ်အဝါရောင်ကားပေါ်ကို လက်နက်ခဲယမ်းများ တင်ဆောင်ပြီး ဥက္ကံချောင်းနားမှသည် ယင်းတိုက်တံတားမှ အိမ်ခြေရွာဘက်သို့ကူးခဲ့ပါတယ်။
အဲဒီကားဟာ လိပ်ဆင်းတောင်ရွာဘက်သို့ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ရောက်ရှိခဲ့ပါတယ်။ သဖန်းဆိပ်ဆည် အနောက်ဘက်ခြမ်းနယ်မြေကို ကျွန်းလှ PDF တပ်ခွဲ ၃ ဧရိယာလို့ သတ်မှတ်ထားပါတယ်။ အဲဒီကို ညနေ ၆ နာရီဝန်းကျင်မှာ NUG က တခြားဒေသတွေကို ပို့ဆောင်မယ့် လက်နက်တွေ သိုဝှက်တင်ဆောင်လာတဲ့ ကားက ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
ကျွန်းလှ PDF ခွဲ ၃ က PDFအဖွဲ့ဝင်များက ဒီလက်နက်တွေကို တခြားဒေသမပို့ဘဲ သူတို့အသုံးပြုချင်ကြပါတယ်။ စစ်ကြောင်းက ဒီသတင်းရသွားလို့ လာဝိုင်းရင် သယ်ဆောင်လာသူတွေ ထွက်ပြေးကြမယ်။ လက်နက်တွေကို သူတို့က ဖျောင်ထားလိုက်မယ်ဆိုတဲ့ အတွေးနဲ့ လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
ကန့်ဘလူ ၆၀၀၆ ကို လနကား၊ တပူတော၊ လိပ်ဆင်းတောင်ကြားမှာ လက်နက်တွေ သယ်ဆောင်လာတဲ့ကား ရှိနေပါတယ်ဆိုပြီး PDF များက အရပ်သားအသွင်ယူပြီး သတင်းရောက်အောင် ပို့ခဲ့ကြပါတယ်။
တပ်က သတင်းကို စုံစမ်းကြည့်တော့ သေချာနေတာဖြစ်တဲ့အတွက် ဒီနယ်မြေက စစ်ကြောင်းချီဖို့ မလွယ်ပါဘူး။ ညကြီးအချိန်မတော်မှ သတင်းကို အတည်ပြုနိုင်တာ ဖြစ်တဲ့အတွက်ကြောင့်လည်း ရဟတ်ယာဉ်လွှတ်ဖို့က အဆင်မပြေပါဘူး။ ညမင်းသားဖိုက်တာတစ်ကောင်လွှတ် အစာကောက်ခိုင်းလိုက်ရာကနေ အကြမ်းဖက်လှုံ့ဆော် မီဒီယာတွေက လေကြောင်းကနေ ပစ်ခတ်နေပါတယ်လို့ သတင်းတွေ ပလူပျံအောင် တက်လာခဲ့ပါတယ်။
လက်နက်တွေ တင်ဆောင်ထားတဲ့ ကားက ဖိုက်တာ ရောက်လာချိန်မှာ မီးမဖွင့်ဘဲ မောင်းပြေးခဲ့ပါတယ်။ အဲဒါကြောင့်လည်း ဖိုက်တာက ပစ်ချလိုက်တဲ့ ဗုန်းသီးတွေက လက်နက်ကားကို မထိခိုက်ခဲ့ပါဘူး။
အဲဒီ က ပဒက်တွေက လက်နက်ကား မောင်းပြေးသွားတာကို အဆက်မပြတ် သတင်းပို့ပေးခဲ့တယ်လို့ သိရပါတယ်။ ထိုလိပ်ဆင်းတောင်မှ အေးချမ်းသာ အင်လှဘက်ဆက်မောင်းသွာတယ်လို့ PDF အဖွဲ့ဝင်များမှ သတင်းထပ်ပို့လာတာကြောင့် ၁၂-၁၂-၂၀၂၃ ရက်နေ့မှာလည်း လေကြောင်း ဖိုက်တာနဲ့ လှုပ်ရှားခဲ့ကြပါတယ်။ ဖိုက်တာသွားတဲ့ လမ်းကြောင်းမှာ အစာကောက်တဲ့အထဲပါသွားတာက ရေနံမှော်ကို တက်မယ့် သံပိုက်ကားက ကံမကောင်း အကြောင်းမလှဘဲ ထိမှန်ခြင်း ခံလိုက်ရပါတယ်။ အဲဒီ ရေနံမှော်ဆိုတာလည်း KIA/PDF ကပဲ လုပ်နေကြတာ ဖြစ်ပါတယ်။
လက်နက်ခဲယမ်းတွေ တင်ဆောင်လာတဲ့ ကားဟာ ကျွန်းလှ PDF တပ်ခွဲ ၄ ဧရိယာထဲရောက်သွားတယ်။ ဒီနယ်မြေ သတ်မှတ်ချက်က PDF တွေ သတ်မှတ်ထားတဲ့ နယ်မြေတွေပါ။ တပ်ခွဲ ၄ ဆိုတဲ့ PDF တွေထဲကနေ လက်နက်ကား ရောက်ရှိလာတဲ့ သတင်းက ပေါက်လာတာ ဖြစ်ပါတယ်။
တပ်က လက်နက်တွေ တင်ဆောင်လာတဲ့ ကားနောက်ကို အင်အားသုံးပြီး မလိုက်ဘဲ ရဟတ်ယာဉ်နဲ့ စက်သေနတ်သမားပဲ လွှတ်ပေးလိုက်ပါတယ်။ လမ်းကြောင်းမှာ လက်နက်တွေ တင်ဆောင်လာတဲ့ ကားကို မတွေ့ရဘဲ လေယာဉ်ကြောက်တဲ့ ကုန်ကားတစ်စီးကိုပဲ တွေ့ခဲ့ရပါတယ်။ လက်နက်တွေ တင်ဆောင်လာတဲ့ ၁၀ ဘီး ကား ပျောက်သွားပါတယ်။
ဒေသခံ PDF တွေက သူတို့နယ်ထဲ ရောက်လာတဲ့ လက်နက်ကို တခြားဒေသ မပို့ချင်ဘူး။ သူတို့ ယူချင်တယ်။ တပ်ကို သတင်းပေးပြီး လက်နက်တွေ ဖျောင်လို့ ရမလား ကြံစည်ခဲ့ကြတာ ဖြစ်ပါတယ်။ NUG နဲ့ KIA က တခြားဒေသတွေမှာလည်း မြို့ဖျက်တိုက်ပွဲတွေ ဆင်နွှဲဖို့ ကြံစည်နေတဲ့ သတင်းတွေလည်း ပေါက်ကြားလာခဲ့ပါတယ်။
ဒေသခံ PDF တွေဆီကနေ သတင်းပေါက်ကြားနေတာကို ရိပ်မိတဲ့ NUG နဲ့ KIA က လက်နက်တွေ တင်ဆောင်လာတဲ့ ၁၀ဘီးကားနဲ့ ဆက်မသွားဘဲ နီးရာ လယ်ထွန်စက်တွေ ချောဆွဲပီး လက်နက်တွေကို အပျောက်ဖျောက်လိုက်တယ်လို့ သိရပါတယ်။
ကျွန်းလှ ပဒက်တွေကတော့ လက်နက်တွေကို မရလိုက်ဘူး။ တန့်ဆည်ဘက်ကနေ ထွက်မယ်ဆိုရင်တော့ တန့်ဆည် PDFသန်းထိုက်တို့အဖွဲ့ ရနိုင်ခြေ ရှိပါတယ်။ ရအောင်ယူကြပေတော့။
လက်နက်တွေ သယ်ဆောင်လာတဲ့ သတင်းအရ ကျွန်းလှပဒက်တချို့လည်း အထိနာခဲ့ရပါတယ်။ ပြည်ပြေး ဝရမ်းပြေးတွေများတဲ့ NUG ကလည်း လူလည်တွေ ဖြစ်သလို လက်နက်ရောင်းစားနေတဲ့ KIA က လိုရာခရီးကို ပို့ဆောင်နိုင်မှ သူတို့ လက်နက်တွေအတွက် ငွေရမှာ၊ Local PDF ဆိုတဲ့ ကောင်တွေကလည်း လက်နက်ကိုင်ပြီး လူပါးဝရတဲ့ အရသာကို သိနေကြပြီဖြစ်လို့ သူတို့နယ်ထဲ ရောက်လာတဲ့ လက်နက်ကို တခြားမပို့ချင်ဘူး။ လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူတွေရဲ့ ဖြစ်ပုံ ပျက်ပုံ -
No comments:
Post a Comment