NUG နှင့် မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့ ကြားမှာ ဘယ်သူ ပွဲညွန့်စားသွားသလဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NUG နှင့် မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့ ကြားမှာ ဘယ်သူ ပွဲညွန့်စားသွားသလဲ



၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်နေ့မှာ စပြီး မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အမည်ခံ MNDAA, TNLA, AA အကြမ်းဖက်သောင်းကျန်းသူများက တပ်စခန်းများကို စီးနင်းတိုက်ခိုက်ခြင်း၊ လမ်းတံတားများကိုဖျက်ဆီးခြင်း အစရှိသော အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ ယခုတစ်ကြိမ် မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့ အမည်ခံထားတဲ့ အကြမ်းဖက်သောင်းကျန်းသူများက မီးကုန်ယမ်းကုန် တိုက်ခိုက်ဖျက်ဆီးမှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ပျက်စီးဆုံးရှုံးမှု များပြားလွန်ပါတယ်။ ဒေသခံပြည်သူလူထု သောင်းနဲ့ချီပြီး အတိဒုက္ခရောက်ခဲ့ရပါတယ်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ က အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်လာတဲ့အချိန်မှာ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG အကြမ်းဖက်အဖွဲ့က နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေက ဝမ်းမြောက်ပျော်ရွှင်စွာ ရေးသားဖြန့်ဝေ ပြောဆိုမှုတွေ လုပ်ဆောင်လာခဲ့ကြပါတယ်။ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ တိုက်ခိုက်မှုတွေအပေါ် အခွင့်ကောင်းယူပြီး NUG ရဲ့ သြဇာခံ လက်ပါးစေ PDF အဖွဲ့မျိုးစုံနဲ့ NUG အကြမ်းဖက်အဖွဲ့နဲ့ လက်တွဲပြီး အလုံးစုံ ပျက်သုဉ်းရေးကို ဆောင်ရွက်နေကြတဲ့ KIA, KNPP, KNDF, CDF, KNU, KNLA တို့ကပါ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်လာပြီး မြို့ဖျက်တိုက်ပွဲတွေ ဆင်နွှဲလာခဲ့ကြပါတယ်။

ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာများဖြစ်သည့်အတွက် ပြည်သူလူထုအတိဒုက္ခရောက်မှာကို လုံးဝထည့်မတွက်ပါဘူး။ ပြည်သူများအတိဒုက္ခရောက်စေမယ့် အလုပ်ကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းပဲဖြစ်ပါတယ်။ NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ အကြမ်းဖက်အုပ်စုများကတော့ စဉ်ဆက်မပြတ် ပြည်သူလူထုအတိဒုက္ခရောက်စေရမယ့် လုပ်ရပ်တွေကို လု်ပဆောင်နေမြဲပဲဖြစ်ပါတယ်။

ရှမ်းပြည် (မြောက်ပိုင်း)မှာ တိုက်ခိုက်မှုတွေ လုပ်ဆောင်လာတဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ အမည်ခံ အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေး ဆောင်ရွက်နေမှုအခြေအနေကို ပြန်ကြားရေးဒုဝန်ကြီး၊ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထုတ်ပြန် ပြောကြားခဲ့ပါတယ်။ ၁၁-၁၂-၂၀၂၃ ရက်နေ့ သတင်းထုတ်ပြန်ချက်မှာ "မြန်မာနိုင်ငံ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး  ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီက တာဝန်ရှိတဲ့သူတွေနဲ့ MNDAA,TNLA, AA အဖွဲ့က တာဝန်ရှိတဲ့သူတွေဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အကူအညီနဲ့ နိုင်ငံရေးအရ ဖြေရှင်းနိုင်ဖို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။" လို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။

အဲဒီသတင်းထုတ်ပြန်ပြီးတဲ့ နောက်ပိုင်း တိုင်းပြည်အလုံးစုံပျက်သုဉ်းရေးကို ဖော်ဆောင်နေတဲ့ ပြည်ဖျက်မီဒီယာများက လုပ်ကြံဖန်တီးရေးသားမှုပုံစံပြောင်းလဲလာတာကို တွေ့မြင်ရပါတယ်။ ဆွေးနေမှုများ လုပ်ဆောင်နေသည့်တိုင်အောင် ဒီအဖွဲ့တွေက သူတို့နဲ့ တသားတည်းရှိတဲ့ ပုံစံမျိုး တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်သွားမယ့် သဘောမျိုး ဖန်တီးရေးသားဖော်ပြလာကြပါတယ်။

အလုံးစုံပျက်သုဉ်းရေးကို ဖော်ဆောင်နေတဲ့ ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့အနေနဲ့က တိုင်းရင်းသား လက်နက်ကိုင်သောင်းကျန်းသူများ သူတို့နဲ့တသားတည်းရှိစေရေး ကြိုးပမ်းဆောင်ရွက်မှာပဲ ဖြစ်ပါတယ်။ NUG အနေနဲ့က KIA, KNU ကို အဓိကအားကိုးပြီး အကြမ်းဖက်သင်တန်းပေး၊ အကြမ်းဖက်သမားများစွာကို မွေးထုတ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။

အထူးအားဖြင့် ရှမ်းပြည်နယ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက သူတို့နဲ့ လက်တွဲခြင်းမရှိဘူး။ ရခိုင်ပြည်သူလူထုက ရခိုင်လူမျိုးအပေါ် ရက်စက်ယုတ်မာခဲ့တဲ့ NLD ကနေ ပေါ်ပေါက်လာတဲ့ NUG ရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်ခြင်း မရှိခဲ့ဘူး။ အခြားသော တိုင်းဒေသကြီးနဲ့ ပြည်နယ်များမှာသာ NUG လက်ပါးစေ အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်မှုတွေကြောင့် အနိဋ္ဌာရုံသတင်းတွေ ကြားသိ မြင်တွေ့နေရပေမယ့် ရခိုင်ပြည်နယ်မှာတော့ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝ ပုံမှန်အတိုင်းလည်ပတ်နေပါတယ်။ မိုခါမုန်းတိုင်း တိုက်ခိုက်မှုဒဏ်ကို ခံလိုက်ရတာ ရခိုင်ပြည်နယ်အတွက် စိတ်မချမ်းမြေ့စရာဖြစ်ခဲ့ပေမယ့် နိုင်ငံတော်က ဘက်စုံပံ့ပိုးပေးခဲ့ပါတယ်။

မုန်တိုင်းတိုက်ခတ်အပြီးမှာ NUG အကြမ်းဖက်အဖွဲ့နဲ့ AA ချိတ်ဆက်ဆောင်ရွက်နေတဲ့ အခြေအနေတစ်ရပ်ကို မြင်တွေ့ခဲ့ရတာ ရှိပါတယ်။ ပြည်ပသြဇာခံ NUG အကြမ်းဖက်အဖွဲ့က AA ခေါင်းဆောင်ထံ အလှူငွေပေးအပ်ပြီး မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူများကို လှူဒါန်းပါတယ်ဆိုတဲ့ ပုံရိပ်တစ်ခုကို ဖန်တီးလုပ်ဆောင်သွားတာတော့ ရှိပါတယ်။ သို့ပေသော်လည်း NLD လော်ဘီတွေက ရခိုင်ပြည်သူလူထုကို အကြမ်းဖက်လှုပ်ရှားမှုမှာ မပါဝင်တဲ့အတွက် ဖေတစ်ရာ မောင်တစ်ကျိတ်နဲ့  ဆဲရေးတိုင်းထွာနေကြတာ ဖြစ်ပါတယ်။

တရုတ်နိုင်မှာ မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ဆွေးနွေးနေမှုအခြေအနေနဲ့ ပတ်သက်လို့ (၁၄-၁၂-၂၀၂၃) ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။ သတင်းထုတ်ပြန်ချက်မှာတော့ "တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mao Ning က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အမြဲတစေပြတ်သားစွာထောက်ခံအားပေးပြီး မြန်မာနိုင်ငံ သက်ဆိုင်ရာဘက်အသီးသီး တွေ့ဆုံဆွေးနွေးရေးအတွက် ပံ့ပိုးမှုနှင့် အဆင်ပြေချောမွေ့စေရန် အမြဲလုပ်ဆောင်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်း “၁၀၂၇” ပဋိပက္ခဖြစ်ပွားလာကတည်းက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ သက်ဆိုင်ရာဘက်အသီးသီး အပစ်အခတ်ရပ်စဲ၍ ဆွေးနွေးရေးလုပ်ငန်းကို အဆက်မပြတ်ကြိုးပမ်းလုပ်ဆောင်လျက်ရှိပြီး အခြေအနေတည်ငြိမ်အေးချမ်းလာစေရန် ဖော်ဆောင်လျက်ရှိကြောင်း၊ မကြာသေးမီက တရုတ်နိုင်ငံ၏ကြားဝင်စေ့စပ် ကူညီဖော်ဆောင်မှုဖြင့် မြန်မာနိုင်ငံ တပ်မတော်နှင့် MNDAA ၊ TNLA ၊ AA တို့သည် တရုတ်နိုင်ငံတွင်း၌ ငြိမ်းချမ်းရေးဆွေးနွေးမှုကျင်းပခဲ့ရာ ယာယီအပစ်အခတ်ရပ်စဲ၍ ဆွေးနွေးမှုထိန်းသိမ်းထားရန် စသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သဘောတူညီချက်ရရှိခဲ့ကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံမြောက်ပိုင်း၌ ပဋိပက္ခဖြစ်ပွားမှုများ သိသိသာသာလျော့နည်းလာကြောင်း၊ ၎င်းသည်မြန်မာနိုင်ငံ သက်ဆိုင်ရာဘက်အသီးသီး၏ အကျိုးစီးပွားနှင့် ကိုက်ညီသည့်အပြင် တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရန်အတွက်လည်း အထောက်အကူဖြစ်ကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံသက်ဆိုင်ရာ ဘက်အသီးသီးမှ ရရှိပြီးသည့် သဘောတူညီချက်များကို အရှိန်မြှင့် အကောင်အထည်ဖော်ဆောင်ပြီး အပြန်အလှန်အတတ်နိုင်ဆုံး ထိန်းသိမ်းစွာလုပ်ဆောင်ကာ လက်ရှိအခြေအနေတင်းမာမှု လျော့ကျလာစေ၍ ရုတ်တရက်ဖြစ်ပွားမှုများကို အချိန်မီစီမံထိန်းချုပ်ခြင်းဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေ အဆင်ပြေချောမွေ့စွာဖြေရှင်းမှု (Soft Landing) အား အတူတကွဖော်ဆောင်ရန်မျှော်လင့်ကြောင်း ဖြေကြားခဲ့တယ်။" သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ တွေ့ဆုံဆွေးနွေးတဲ့ အခြေအနေတစ်ခုကိုတော့ ရောက်ပြီလို့ ဆိုရမှာပေါ့ဗျာ။ ဘယ်လိုဆက်ဖြစ်မယ်၊ ဘာတွေဆက်ဖြစ်မယ်ဆိုတာက မပြောနိုင်ပါဘူး။ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဟာ အစောပိုင်းကလည်း ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ဖူးသလို အပြုသဘောဆန်တဲ့ ရလဒ်တွေအပေါ် သစ္စာမရှိဘဲ တစ်ဖက်မှာ စစ်ရေးအတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်နေခြင်းဖြစ်တယ်ဆိုတာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ကိုယ်တိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးမှာ ထည့်သွင်းပြောကြားသွားခဲ့ဖူးပါတယ်။ နိုင်ငံရေးဆိုတဲ့ သဘောက ဘာမဆိုဖြစ်နိုင်တဲ့အတွက် ဘာမဆိုဖြစ်နိုင်တယ်လို့ပဲ မှတ်ယူထားတာ ကောင်းပါတယ်။ တိုက်ခိုက်မှုတွေ မရှိဘဲ ဆက်လက်ဆွေးနွေးအဖြေရှာသွားမယ်ဆိုရင် ဒေသခံပြည်သူလူထုအတွက် အန္တရာယ် ကင်းမှာ ဖြစ်ပါတယ်။

ပကတိ တည်ငြိမ်အေးချမ်းနေတဲ့ ရခိုင်ပြည်နယ်မှာ AA စစ်ရေးလှုပ်ရှားလာတဲ့အခါ ဒေသခံပြည်သူ ဘယ်လိုကြုံတွေ့နေရသလဲ။ ကောင်းမွန်တဲ့ ရလဒ်လား၊ ဆိုးရွားတဲ့ ရလဒ်လား ဒေသခံပြည်သူများ အသိဆုံးပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး  ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီက တာဝန်ရှိတဲ့သူတွေနဲ့ MNDAA,TNLA, AA အဖွဲ့က တာဝန်ရှိတဲ့သူတွေဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အကူအညီနဲ့ နိုင်ငံရေးအရ ဖြေရှင်းနိုင်ဖို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့တဲ့အပေါ်မှာ လောင်မြိုက်နေတာကတော့ NUG အကြမ်းဖက်အဖွဲ့နဲ့ ပြည်ဖျက်မီဒီယာတွေပဲ ဖြစ်ပါတယ်။ သူတို့တွေရဲ့ ပြည်ဖျက်စီမံကိန်း (အလုံးစုံပျက်သုဉ်းရေး) အတွက်က အကြမ်ဖးက်တိုက်ခိုက်မှုတွေ လုပ်ဆောင်မယ့် အင်အားလိုနေတယ်။ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ဝင်လာတဲ့အချိန်မှာ အတိုင်းမသိ ဝမ်းမြောက်သွားခဲ့တဲ့ NUG အကြမ်းဖက်အဖွဲ့အတွက် အားတက်ဖွယ်ရာ ဖြစ်ခဲ့တယ်။ 

ရုတ်တရက် တွေ့ဆုံဆွေးနွေးနေပြီဆိုတော့ သူတို့အနေနဲ့ MNDAA, TNLA, AA တို့နဲ့ သဘောတူညီချက်တချို့ ရယူထားတာလည်း ရှိကောင်း ရှိနိုင်ပါတယ်။ ဒီအဖွဲ့တွေကို အမေရိကန်ကန်ဦးဆောင်သော အနောက်အုပ်စုထံမှ ရရှိထားတဲ့ အထောက်အပံ့များ ခွဲဝေပေးထားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အကြမ်းဖက်လှုံ့ဆော်သူ မင်းကိုနိုင် ရဲ့ ရေးသားဖော်ပြချက်မှာ (အကြင်အရပ်၌ ရောင်းဝယ်စုန်ဆန်ကူးသန်းရာပွဲရုံများသည် အတ္ထိရှိ၏။ ပွဲညွန့် ပွဲခမျှော်သူအပေါင်းတို့ ထိုသို့ချီကာ အောက်မေးလှုပ်ကြပါကုန်။) ဆိုတဲ့ ရေးသားဖော်ပြချက်အရ အနောက်အုပ်စုရဲ့ ပံ့ပိုးမှုနဲ့ ဖော်ဆောင်နေတဲ့ ပြည်ဖျက်စီမံကိန်း (အလုံးစုံပျက်သုဉ်းရေး) အကြမ်းဖက်လှုပ်ရှားမှုမှာ NUG နဲ့ မြောက်ပိုင်းသုံးဖွဲ့ကြား ပွဲညွန့်ခူးစားသွားတာ ဘယ်သူလဲ။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေ လောင်မြိုက်ကြပေလိမ့်အုံးမည်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)