မြိုင်မြိုနယ် စောင်ကျမ်းကုန်းရွာရှိ မူလတန်းကျောင်းအတွင်းမှ PDF အကြမ်းဖက်သမားများ၏ လက်နက် ခဲယမ်းနှင့် ဆက်စပ်ပစ္စည်း သိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိုင်မြိုနယ် စောင်ကျမ်းကုန်းရွာရှိ မူလတန်းကျောင်းအတွင်းမှ PDF အကြမ်းဖက်သမားများ၏ လက်နက် ခဲယမ်းနှင့် ဆက်စပ်ပစ္စည်း သိမ်းဆည်းရမိ


MNP ၊ ဒီဇင်ဘာ ၂၃

မြိုင်မြို့နယ် စောင်ကျမ်းကုန်းကျေးရွာ အတွင်းရှိ မူလတန်းကျောင်းအတွင်း PDF အကြမ်းဖက်သမားများ အခြေချ နေထိုင်လျက်ရှိကြောင်း သတင်းအရ ဒီဇင်ဘာလ ၂၁ ရက် နံနက် ၇ နာရီခန့်တွင် လုံခြုံရေးအဖွဲ့များက သွားရောက် ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မူလတန်းကျောင်းအတွင်းမှ PDF အကြမ်းဖက်သမားများ၏ လက်လုပ်စိန်ပြောင်း ၃ လက်၊  လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်မိုင်း ၈ လုံး၊ Drop Bomb ဗုံးသီး  ၂ လုံး၊ ရီမု ၁ ခု၊ နီ/နက်ဝါယာကြိုး ၁ ခွေ၊ ယမ်းပျော့ ၃ ထုပ်၊ ဘက္ထရီအို ၅ လုံး၊ ဆိုလာပြား ၁ ချပ်တို့အား သိမ်းဆည်းရမိကြောင်း သိရသည်။


Myanmar National Post

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)