မှော်ဘီမြို့နယ်အတွင်းရှိ တောင်သူများအား မျိုးစေ့ချကိရိယာ(Seeder)ဖြင့် နွေစပါးလက်တွေ့စိုက်ပျိုးပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မှော်ဘီမြို့နယ်အတွင်းရှိ တောင်သူများအား မျိုးစေ့ချကိရိယာ(Seeder)ဖြင့် နွေစပါးလက်တွေ့စိုက်ပျိုးပြသ







MNP  ၊ဒီဇင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်အတွင်းရှိ စပါးစိုက်တောင်သူများအား မျိုးစေ့ချကိရိယာ(Seeder)ဖြင့် နွေစပါးလက်တွေ့စိုက်ပျိုးပြသပေးကာ တောင်သူအသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက မှော်ဘီမြို့နယ်ရိုးဝကျေးရွာတွင် ကျင်းပခဲ့သည်။

မျိုးစေ့ချကိရိယာ(Seeder)ဖြင့် နွေစပါးလက်တွေ့စိုက်ပျိုးပြသပွဲတွင် မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဖြိုးအောင်ကြည်၊ အဖွဲ့ဝင်(၂)ဦးဝင်းစိုးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးမြတ်ကျော်က စပါးမျိုးစေ့ချကိရိယာ(Seeder)အသုံးပြုရခြင်းအကျိုးကျေးဇူးများကို တက်ရောက်လာကြသည့် ဒေသခံတောင်သူများအား အသိပညာပေးရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံတောင်သူများအား မျိုးစေ့ချကိရိယာ(Seeder)ဖြင့် နွေစပါးကို လက်တွေ့စိုက်ပျိုးပြသပေးခဲ့ကြပြီး မျိုးစေ့ချကိရိယာ(Seeder)ဖြင့် တောင်သူများစပါးစိုက်ပျိုးရာတွင် လုပ်အားကုန်ကျမှုစရိတ်များသက်သာခြင်း၊ စပါးကောက်ကွက်ပြည့်မီခြင်း၊ အတန်းလိုက်ညီညာစွာစိုက်ပျိုးသည့်အတွက် တမန်နိုးရလွယ်ကူကာပင်ပွားကောင်းမွန်ခြင်းနှင့် စပါးအထွက်နှုန်းများကောင်းမွန်ကာ မျိုးစေ့နှုန်းထားကုန်ကျမှုစရိတ်များသက်သာစေမည့် စီဒါ(Seeder)အကျိုးကျေးဇူးကြော်ငြာဆိုင်းဘုတ်အား တက်ရောက်သောတောင်သူများမှ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ နွေစပါးလက်တွေ့စိုက်ပျိုးပြသပွဲသို့ မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်နိုင်၊ မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဖြိုးအောင်ကြည်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးနှင့်ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တောင်သူများစုစုပေါင်း(၃၄၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


ဝင်းဇော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)