တောင်ကုတ်မြို့နယ်၌ လူငယ်နှင့်ကိုယ်လပ်လှုပ်ရှားအားကစားအသိပညာရေး Talk Show ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့နယ်၌ လူငယ်နှင့်ကိုယ်လပ်လှုပ်ရှားအားကစားအသိပညာရေး Talk Show ပြုလုပ်


MNP ၊ ဒီဇင်ဘာ ၂၉

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ‌တောင်ကုတ်မြို့နယ်ရုံး ၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် လူငယ်နှင့်ကိုယ်လက်လှုပ်ရှားအားကစား အသိပညာပေး Talk Show ကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဆွေးနွေးပွဲ တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ တောင်ကုတ် မြို့နယ်ရုံး မှ ဒုတိယဦးစီးမှူး ဒေါ်သန်းနု နှင့်အငယ်တန်းစာရေး(အင်အားပြ)ဦးငြိမ်းသူနိုင် တို့က ကျန်းမာရေး အတွက် ကိုယ်လက်လှုပ်ရှားအားကစားကိုနေ့စဉ်ပြုလုပ်သင့်ကြောင်း ၊ အာရောဂျံပရမံလာဘံ ဆိုသည့် အတိုင်း ကျန်းမာခြင်းကိုရှိခြင်းသည် ဆုလာဒ်တစ်ခုပင်ဖြစ်ကြောင်း ၊ကျန်းမာသည့်လူတစ်ယောက်ရဲ့ဘဝဟာ တစ်သက်တာပျော်ရွှင်မှုရရှိမှာဖြစ်ကြောင်း ၊ ကျန်းမာပျော်ရွှင်စွာနေထိုင်မှသာ ဘဝမှာပြည့်စုံမှာဖြစ်ကြောင်း ၊ အားကစားက လူ့ဘဝရဲ့အရေးပါသည့်အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ၊အားကစားက လူ၏စရိတ်နှင့် ကိုယ်ရည်ကိုယ်သွေးကိုတည်ဆောက်ရာတွင်လည်းအထောက်အတူဖြစ်သည့်နည်းတူကျန်းမာကြံ့ခိုင်မှုကို လည်းထိန်းသိမ်းရာကြောင်း ၊ ကမ္ဘာ့လူဦးရေအများစုဟာအဝလွန်ခြင်းအများဖြစ်ကြပြီးရလာဒ်အနေဖြင့် အခြားသောကျန်းမာရေးဆိုးကျိုးများကိုလည်းရင်ဆိုင်ကြုံတွေ့နေကြရကြောင်းနှင့်အားကစားပြုလုပ်ခြင်းကကယ်လိုရီလောင်ကျွမ်းမှုကိုဖြစ်ပေါ်စေကြောင်းဆွေးကြပါသည်။

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)