TNLA အကြမ်းဖက်အဖွဲ့၏ လူမဆန်သော လုပ်ရပ်များကြောင့် ရှမ်းပြည်(မြောက်ပိုင်း)မှ ဒေသခံပြည်သူများ ခရီးသွားလာရေး အခက်ကြုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

TNLA အကြမ်းဖက်အဖွဲ့၏ လူမဆန်သော လုပ်ရပ်များကြောင့် ရှမ်းပြည်(မြောက်ပိုင်း)မှ ဒေသခံပြည်သူများ ခရီးသွားလာရေး အခက်ကြုံ








၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၂၇)ရက်နေ့က စပြီး ရှမ်းပြည်(မြောက်ပိုင်း)မှာ MNDAA, TNLA, AA အကြမ်းဖက်သောင်းကျန်းသူ ၃ဖွဲ့က တိုက်ပွဲများ ဖော်ဆောင်ခဲ့ကြပါတယ်။

ဖော်ပြပါ အကြမ်းဖက်သောင်းကျန်းသူ ၃ဖွဲ့ထဲက TNLA အဖွဲ့ဟာ နောင်ချိုမြို့အနီးကနေစတင်ပြီး လမ်းတံတားတွေကို ဖျက်ဆီးတဲ့ လုပ်ရပ်တွေ လုပ်ဆောင်ခဲ့ကြပါတယ်။ 

ရှမ်းပြည် (မြောက်ပိုင်း) ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ လားရှိုး - သီပေါ ကြားက စဉ့်အင်တံတားကိုလည်း TNLA အကြမ်းဖက်အဖွဲ့က ဖောက်ခွဲဖျက်ဆီးသွားခဲ့သလို သီပေါ - ကျောက်မဲကြားက ကျင်သီတံတားကိုလည်း TNLA အကြမ်းဖက်အဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ကြပါတယ်။

ဒီတံတားနှစ်စင်း မရှိတော့တဲ့ နောက်ပိုင်း ရှမ်းပြည်(မြောက်ပိုင်း) က ခရီးသွား ပြည်သူများဟာ လားရှိး - သီပေါ - ကျောက်မဲ မှ မန္တလေးကို သွားလာရေးအတွက် နမ္မတူ - သီပေါ လမ်းဘက်နေ ပတ်သွား နေကြရပါတယ်။

နမ္မတူ - သီပေါ ကို ဆက်သွယ်ပေးထားတဲ့ မိုးတေတံတားတစ်စင်းရှိပါတယ်။ (ဒီဇင်ဘာ-၂၈) မနေ့ညက  မိုးတေတံတားကိုပါ TNLA အကြမ်းဖက်အဖွဲ့က မိုင်းခွဲဖျက်ဆီးလိုက်ကြပါတယ်။

ရှမ်းပြည် (မြောက်ပိုင်း) က ဒေသခံ ခရီးသွားပြည်သူတွေ၊ ဒေသထွက်ကုန်တွေ တင်ပို့ရောင်းချဖို့ရာမှာ အခက်ခဲဆုံး အခြေအနေဖြစ်အောင် TNLA အကြမ်းဖက်အဖွဲ့က လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။

ရှမ်းပြည်(မြောက်ပိုင်း)မှာ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတဲ့ အဖွဲ့တွေအပေါ် နိုင်ငံတော်အစိုးရက ပြတ်သားစွာ နှိမ်နင်းခြေမှုန်းတာမျိုး မလုပ်ဘူးဆိုရင်ဖြင့် အကြမ်းဖက်အဖွဲ့တွေရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကြောင့် ဒေသခံပြည်သူများရဲ့ နေ့စဉ် လူမှုစီးပွားဘဝများဟာ အဆိုးဆုံးအခြေအနေထိ အခက်အခဲတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)