လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ် ၅ ရပ်ကွက်၊ ဧရာဝတီပတ်လမ်းကွန်ကရိခင်း လမ်းသစ်ဖွင့်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ် ၅ ရပ်ကွက်၊ ဧရာဝတီပတ်လမ်းကွန်ကရိခင်း လမ်းသစ်ဖွင့်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်းကျင်းပ



MNP ၊ဒီဇင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ဇန်နဝါရီ ၄ ရက်နေ့ ၂၀၂၄ ခုနှစ်၌ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ ကွန်ကရိလမ်းခင်းဆောင်ရွက်ခဲ့သော  အမှတ် ၅ ရပ်ကွက်၊ ဧရာ၀တီပတ်လမ်း ကွန်ကရစ်ခင်း လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၇ နာရီ၌ ဖဲကြိုးဖြတ်ဖွင့်လှစ်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် တက်ရောက်လာသော ဧည့်သည်တော်များကို ဘင်ခရာတပ်ဖွဲ့ဝင်ကျောင်းသူကျောင်းများက ဘင်ခရာများဖြင့် တီးမှုတ်ဖျော်ဖြေ၍ ပန်းဖွားအလှအကများဖြင့် ဧည်ခံကြိုဆိုလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော်ဝန်မှလည်း လမ်းဖွင့်ပွဲနှင့်ပတ်သက်၍ ဧရာ၀တီပတ်လမ်းဖွင့်ပွဲမှတ်တမ်းလွှာ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မြို့တော်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းတွင်ပါဝင်သည့် ကွန်ကရိခင်းလမ်း ၂၅၀၀ ပေ × ၁၆ ပေ × ၆ လက်မရှိပြီး ဇူလိုင် ၂၇ ရက် ၂၀၂၃ ခုနှစ် လုပ်ငန်းစတင်ကာ သြဂုတ် ၁၄ ရက်၂၀၂၃ ခုနှစ် ပြီးစီးခဲ့သော အမှတ် ၅ ရက်ကွက်၊ ဧရာဝတီပတ်လမ်း ကွန်ကရိခင်းလမ်း အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း မှတ်တမ်းလွှာအား ပေးအပ်လျက်ရှိသည်။ ကွန်ကရိခင်းလမ်းသစ်ဖွင့်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တာဝန်ရှိသူများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးလျက်ရှိပြီး လမ်းသစ်အား ဖြတ်သန်းကြည့်ရှု စစ်ဆေးလျက်ရှိကာ တက်ရောက်လာသည့် ပြည်သူများကိုအားပေးစကားပြောကြားလျက်ရှိသည်။

လမ်းသစ်ဖွင့်ပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီအဆင့်တာဝန်ရှိသူများ၊ စည်ပင်သာယာရေးကော်မတီမှတာဝန်ရှိသူများ၊ စစ်ဒေသမှူးများ၊ အင်းစိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များ၊ ပြည်သူလူထုစုစုပေါင်းအင်အား(၆၀၀)ဦးခန့် တက်ရောက်လျက်ရှိကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)