MNP ၊ ဇန်နဝါရီ ၅
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိရစ္ဆာန် ကူးစက်ရောဂါကာကွယ်တားဆီးရေးသင်တန်းကို ယနေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင်ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ရွှေတောင်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ၊ဦးစီးအရာရှိ ဒေါက်တာ အေးချမ်းဝင်းကတိရစ္ဆာန် ကူးစက်ရောဂါကာကွယ်တားဆီးရေးသင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် ကူးစက်ရောဂါ ( ၄) မျိုး ( ကျွဲ / နွား)၊ ဒေါင့်သန်း၊ပေါင်ပုပ်လက်ပုပ်၊ လည်ချောင်းကွဲ၊ခွာနာလျှာနာများကို ကျေးရွာ၊ရပ်ကွက်တွင်းရှိ ကျေးလက်နေမွေးမြူးရေးသမားများအား ကူးစက်ရောဂါနှင့်ပတ်သက်၍ဗဟုသုရရှိစေရန်၊ရရှိလာသည့်အသိပညာများအား လိုက်နာဆောင်ရွက်တက်စေရန်၊ ကာကွယ်ဆေးထိုးခြင်း အလေ့အထများ ရရှိလာစေရန်၊ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုမိုထိရောက်ခြင်းအား သိရှိစေရန် နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ သင်တန်းများသည် မွေးမြူသူများအနေဖြင့်ဆောင်ရန် ၊ရှောင်ရန်များသိရှိစေပြီး တစ်ပိုင်တစ်နိုင်မှသည် စီးပွားဖြစ်မွေးမြူသူအဖြစ် စိတ်ပါဝင်စားလာစေရန်စသည့်အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို ( ၅-၁-၂၀၂၄)မှ (၆-၁-၂၀၂၄) ထိ( ၂ )ရက် သင်တန်းပို့ချသွားမည်ဖြစ်ပြီး သင်တန်း သား (၂၁) ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment