နေပြည်တော်၊ ဇန်နဝါရီလ ၅ ရက်
ဇန်နဝါရီ ၄ ရက် နေ့က တပ်မတော်မှ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် မိုင် ၃၀ ခန့်အကွာရှိ ကျေးရွာ ၅ ရွာ အနီးတစ်ဝိုက်ကို လက်နက်ကြီးများနှင့်ပစ်ခတ်မည်၊ ရွာသူ၊ ရွာသားများ ပြောင်းရွေ့ကြရန် ပြောဆိုခဲ့ကြောင်း သတင်းတု၊ သတင်း အမှားများကို Western News က လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ တပ်မတော်မှ စစ်တွေမြို့နှင့် မိုင် ၃၀ ခန့်အကွာရှိ ဝါဘို၊ စပါးထား၊ ကွမ်းတောင်၊ ညိုရောင်ချောင်း၊ အိုင်ဒင် စသည့် ကျေးရွာ ၅ ရွာအား လက်နက်ကြီး များဖြင့် ပစ်ခတ်လာနိုင်သဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများ ပြောင်းရွှေ့ တိမ်းရှောင်ကြရန် AA သောင်းကျန်းသူအဖွဲ့ဝင်အချို့က ဖိအားပေး ခြိမ်းခြောက်မှု လုပ်ဆောင်ခဲ့ သဖြင့် ပြည်သူများ စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်လျက်ရှိကြောင်းနှင့် တပ်မတော်မှ ခြိမ်းခြောက် ပြောင်းရွှေ့ခိုင်းခြင်း မရှိကြောင်း သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
ရခိုင်ပြည်နယ်အတွင်း AAသောင်းကျန်းသူအဖွဲ့သည် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်နှင့် လူမှုစီးပွားဘဝကိုပျက်စီးစေရန် ရည်ရွယ်လုပ်ဆောင်လျက်ရှိပြီး အကြမ်းဖက် အားပေး ပြည်ဖျက်မီဒီယာများက ၎င်းတို့၏ လုပ်ရပ်များအား ဖုံးကွယ်ပေးရန်နှင့် ဒေသခံ ပြည်သူများမှ တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေရန်အတွက် သတင်းမှားများကို ဖန်တီး ရေးသားဖြန့်ဝေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment