MNP ၊ဇန်နဝါရီ ၅
မကွေးတိုင်းဒေသကြီး သရက်မြို့၌ သရက်မူလတန်းကြိုကျောင်း၏ (၇၆)နှစ်မြောက် လွတ်လပ်ရေး နေ့အထိမ်းအမှတ် ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၇)နာရီအချိန်က ခရိုင်အားကစားကွင်းအတွင်း ဆောင်ရွက်ရာ လူမှုဝန်ထမ်းဦးစီးဌာန သရက်မူကြိုကျောင်းမှ ကျောင်းသား/ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြသည်။
အဆိုပါ ပြိုင်ပွဲများကျင်းပပေးရာတွင် အိတ်စွတ်ပြေး(အကြီးအဆင့်)၊ အရုပ်ကောက်ပြေး(အငယ်အဆင့်)၊ အာလူးကောက်(အကြီးအဆင့်)၊ မုန့်စား(အငယ်ဆင့်)၊ ဖိနပ်စီး(အငယ်ဆင့်)၊ ဖားခုန်(အကြီးဆင့်)၊ ဝက်အူရစ်(အသယ်ဆင့်)၊ မုန့်စား(အကြီးဆင့်)၊ဖိနပ်စီး(အငယ်ဆင့်)စကောရွတ် (အကြီးဆင့်)၊ ပင်ပေါင်သယ်(အငယ်ဆင့်) ဝက်အူရစ် (အကြီးဆင့်)၊ ပူစီဖောင်းပေါင်းဖောက်(အငယ်ဆင့်)၊ခုံလု(အကြီးဆင့်နှင့် ရိုးရိုးပြေး (အငယ်ဆင့်) တို့က အသီးသီးပါဝင်ယှဉ်ပြုင်ခဲ့ကြသည်။
ပြိုင်ပွဲများအပြီးတွင် ဆုများချီးမြှင့်ရာ လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး၊ရိုင်အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်များ၊မြို့နယ် မိခင်နှင့်ကလေးအသင်း ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူအသီးသီးက ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment