မြိတ်မြို့ ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်တွင် စာအောင်ဆုနှင်းသဘင်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်မြို့ ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်တွင် စာအောင်ဆုနှင်းသဘင်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကျင်းပ





 MNP   ၊ ဇန်နဝါရီ  ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်၌ (၂၀၂၃)ခုနှစ် အစိုးရပါဠိပထမပြန်နှင့် နိကာယ်စာမေးပွဲတို့တွင် အောင်မြင်ခဲ့သည့် စာအောင်ပုဂ္ဂိုလ်များအား စာအောင်လက်မှတ်နှင့် စာအောင်ဆုငွေဆက်ကပ်လှူဒါန်းခြင်း၊ စာအောင်ဆုနှင်းသဘင်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

(၂၀၂၃)ခုနှစ် အစိုးရပါဠိပထမပြန်နှင့် နိကာယ်စာမေးပွဲ မြိတ်စာဖြေဌာနမှ ဖြေဆိုခဲ့ကြသည့် သံဃာတော်နှင့်သီလရှင်များမှဓမ္မာစရိယစာမေးပွဲတွင် ဓမ္မာစရိယကျမ်းရင်း(၃) ကျမ်းအောင်(၁)ပါး၊ ပါဠိပထမပြန်စာမေးပွဲတွင် ပထမကြီးတန်း၌(၁)ပါး၊ ပထမလတ်တန်း၌ (၁၀)ပါး၊ ပထမငယ်တန်း၌(၂၇)ပါးနှင့် လူပုဂ္ဂိုလ်(၁)ဦး၊ အခြေပြုမူလတန်း၌(၄၈)ပါး၊ နိကာယ်စာ‌မေးပွဲတွင် နိကာယ်ကျမ်း၌ (၂)ပါး အောင်မြင်ခဲ့ကြကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။

စာအောင်ဆုနှင်းသဘင်ကို စေတီတော် ဗုဒ္ဓသာသနာ့ဗိမာန်တော်၌ကျင်းပရာ ဆုနှင်းသဘင်ကို နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု လှည်းဘီးပရိယတ္တိစာသင်တိုက်ဆရာတော် အမှူးပြုသော ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စွာဦး၊ တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးမြင့်ထွန်းနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တလာသန လှည်းဘီးပရိယတ္တိ စာသင်တိုက်ဆရာတော်ထံမှ ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်(ကိုယ်စား) လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။ ဆက်လက်၍ တိုင်းမှူး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော် အရှင်သူမြတ်များအား  လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး စာအောင်သံဃာတော်များနှင့် သီလရှင်တို့အား စာအောင်လက်မှတ်နှင့် စာအောင်ဆုအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တနာရဒ မော်တောင်ပရိယတ္တိ စာသင်တိုက်ဆရာတော်ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှ ပေးဝေခဲ့ကြကာ စာအောင်ဆုနှင်းသဘင်အား “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍  ရုတ်သိမ်းခဲ့ကြပြီး ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို စေတီတော်ရင်ပြင်၌ ဆက်လက်ကျင်းပခဲ့ရာတိုင်းမှူး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စေတနာရှင်များက ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်(၇ဝ)ပါးနှင့် သီလရှင်(၂၇)ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ခဲ့ကြရာ လှူဒါန်းမှုစုစုပေါင်း ကျပ်သိန်း(၃၈၀)ရှိကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)