တာချီလိတ်မြို့၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချရေး ဒေသအဆင့်ဌာနဆိုင်ရာများတွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာချီလိတ်မြို့၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချရေး ဒေသအဆင့်ဌာနဆိုင်ရာများတွေ့ဆုံဆွေးနွေး




MNP ၊ဇန်နဝါရီ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချရေး ဒေသအဆင့်ဌာနဆိုင်ရာများတွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းကိုက နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု၊ အရေးယူဆောင်ရွက်မှုနှင့် ကြိုတင်ကာကွယ်ရေးဆောင်ရွက်မှုတို့ကိုလည်းကောင်း၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးမင်းသိန်းတို့က နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့်ပတ်သက်၍ လေထုအရည်အသွေး စောင့်ကြည့်တိုင်းတာစစ်ဆေးခြင်းနှင့် ဆန်းစစ်ခြင်းဆိုင်ရာ စီမံကိန်း၏စီမံကိန်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုတို့ကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးချမ်းမြေ့စိုးနှင့် ခရိုင်ရာသီဥတုနှင့်ပတ်ဝန်းကျင်ပြောင်းလဲမှုဆိုင်ရာ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီတွင် ပါဝင်ကြသည့်ဌာနဆိုင်ရာတာဝန်ရှိတို့က နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေတို့ကို အသီးသီးရှင်းလင်းတင်ပြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းကိုနှင့် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းသိန်းတို့က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ဆွေးနွေးပွဲတက်လာကြသူများက လေထုညစ်ညမ်းမှု တိုင်းတာရေးစက်ဖြစ်သည့် Ambient Particulate Monitor PM 2.5 ဖြင့် လေထုညစ်ညမ်းမှု တိုင်းတာစစ်ဆေးနေမှုနှင့် Mekong-Lancang Cooperation Special fun(2021) Mobile Air Quality Monitoring ယာဉ်ပေါ်တွင် စက်ပစ္စည်းထားရှိမှုအခြေအနေတို့ကို ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)