ဟိုပုံးမြို့နယ် စံဖူးကျေးရွာတွင် လက်နက်ခဲယမ်းများ ပေါက်ကွဲမှုကြောင့် မီးလောင်ပျက်စီးခဲ့ရသည့် အိမ်ထောင်စု ၂၇စု အား ကနဦး ထောက်ပံ့မှုများ ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟိုပုံးမြို့နယ် စံဖူးကျေးရွာတွင် လက်နက်ခဲယမ်းများ ပေါက်ကွဲမှုကြောင့် မီးလောင်ပျက်စီးခဲ့ရသည့် အိမ်ထောင်စု ၂၇စု အား ကနဦး ထောက်ပံ့မှုများ ပေးအပ်





MNP ၊ ဇန်နဝါရီ ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာတွင် ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သော PNLO လက်နက်မှောင်ခိုအဖွဲ့ က မီးရှို့ခဲ့မှုကြောင့် ကားများ မီးလောင်ပေါက်ကွဲ၍ ရွာအတွင်း မီးကူးစက်ကာ လောင်ကျွမ်းပျက်စီးခဲ့ရသော အိမ်ထောင်စု ၂၇ စုအား ဒေသဦးစီးဥက္ကဋ္ဌအဖွဲ့နှင့် တာဝန်ရှိသူများက ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်များ ကနဦး ထောက်ပံ့ပေးခဲ့ပြီး ပြည်နယ်အစိုးရအစီအစဉ်ဖြင့် ထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းက ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွားအနီး တရားမဝင် လက်နက်သယ်ဆောင်လာကြောင်း သတင်းရရှိသည့်အတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ PNO ပြည်သူ့စစ်  ပူးပေါင်းအဖွဲများအသင့်စောင့်ဆိုင်း စစ်ဆေးခဲ့ရာ PNLO အဖွဲ့က သယ်ဆောင်လာသော လက်နက်များ ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်တွင် PNLO အဖွဲ့မှ မောင်လှ ဦးစီး အင်းအား၃၀ ဦးတို့ဟာ ကား ၅ စီးဖြင့် ရောက်ရှိလာသည့်အတွက် စစ်ဆေးစဉ် မောင်လှအဖွဲ့မှ စစ်ဆေးမှု မခံယူဘဲ ပူးပေါင်းအဖွဲကို စတင်ပစ်ခတ်ခဲ့ခြင်းကြောင့် အပြန်အလှန် ထိတွေ့မှုဖြစ်ပေါ်ခဲ့ပြီး ကားများကို မီးရှို့ဖျက်ဆီးသွားခြင်းကြောင့် ဒေသခံပြည်သူများ၏ နေအိမ်များ မီးကူးစက်လောင်ကျွမ်းခဲ့ရခြင်း ဖြစ်သည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)