ရွှေတောင်မြို့နယ်တွင် နွေစပါးစိုက်ပျိုးမည့်တောင်သူများနှင့် ညှိနှိုင်းတွေ့ဆုံဆွေးနွေးပွဲကျင်:ပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် နွေစပါးစိုက်ပျိုးမည့်တောင်သူများနှင့် ညှိနှိုင်းတွေ့ဆုံဆွေးနွေးပွဲကျင်:ပ







MNP ၊ ဇန်နဝါရီ -၆

       ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ်အတွင်း ၂၀၂၃- ၂၀၂၄ခုနှစ်၊ နွေစပါးစိုက်ပျိုးရန်လျာထားဧက ( ၁၉၂၇) ဧကအပေါ် လျာထားချက်ထက် ပြည့်မီကျော်လွန်ပြီး သက်တမ်းတိုအထွက်ကောင်းမျိုးများ စနစ်တကျစိုက်ပျိုးစေရေးအတွက် ကြာနီကန်ရပ်ကွက်၊ ဆန်တဆုပ် ဘုရားဓမ္မာရုံတွင် ယမန်နေ့ နေ့လယ်ပိုင်းက  နွေစပါးစိုက်ပျိုးမည့်တောင်သူများနှင့် ညှိနှိုင်းတွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့သည်။

    အဆိုပါ အစည်းအဝေးတွင် ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ  ဥက္ကဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများမှ ကြို့ကုန်းကျေးရွာအုပ်စု အတွင်းရှိ  နတ်မှော်လျှပ်စစ်မြစ်ရေတင်ဖြင့် နွေစပါးစိုက်ပျိုးမည့်တောင်သူ ( ၇၈)ဦး၊နွေစပါးစိုက်ဧက( ၄၃၈) ဧက၊ မင်းကွန်းကျေးရွာအုပ်စုရှိတောင်သူ ( ၁၁၃)ဦး၊ နွေစပါးစိုက်ဧက( ၅၀၉.၆၉) ဧကနှင့် ကြာနီကန်ရပ်ကွက်ရှိတောင်သူ ( ၂၁)ဦး၊နွေစပါးစိုက်ဧက( ၈၀) ဧက စုစုပေါင်း တောင်သူ ( ၂၁၂) ဦး တို့နှင့် တွေ့ဆုံ၍ လျှပ်စစ်မြစ်ရေတင်ဖြင့် ၂၀၂၄-ခုနှစ်၊ ဇန်နဝါရီ လ ( ၁၅)  ရက်နေ့မှစတင်ပြီး ရေပေးဝေမည်ဖြစ်ကြောင်း၊သက်တမ်းတိုအထွက်ကောင်းမျိုးများ ပြောင်းလဲစိုက်ပျိုးရေး၊ ပျိုးထောင်စိုက်ပျိုးခြင်းနှင့် အစေ့ချစနစ်ဖြင့်သာ စိုက်ပျိုးမှုများဆောင်ရွက်ရန်၊ ကြဲခင်းများ လုံးဝ ( လုံးဝ) စိုက်ပျိုးခြင်း မပြုရန်တို့အား အသေးစိတ်ဆွေးနွေးခဲ့ရာ တက်ရောက်လာသော တောင်သူများမှ မျိုးလိုအပ်ချက်နှင့် သွင်းအားစုလိုအပ်ချက်များအပေါ် ဆွေးနွေးတင်ပြကြရာ မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ  ဥက္ကဌမှ သက်ဆိုင်ရာ ဌာနများနှင့်ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။

    ဆက်လက်၍ နွေစပါးစိုက်ပျိုးမည့် ရပ်ကွက် / ကျေးရွာအုပ်စုများသို့ မြေပြင်ကွင်းဆင်း၍ တောင်သူများနှင့်တွေ့ဆုံပြီး သက်တမ်းတိုအထွက်ကောင်းမျိုးများ စနစ်တကျစိုက်ပျိုးစေရေး စဉ်ဆက်မပြတ်ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိရသည်။

ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)