ရှမ်းနီတိုင်းရင်းသားများ အပေါ် လူမျိုးတုန်း သတ်ဖြတ်မှုများအား ကန့်ကွက်ရှုတ်ချပွဲ ဟုမ္မလင်းမြို့တွင် ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းနီတိုင်းရင်းသားများ အပေါ် လူမျိုးတုန်း သတ်ဖြတ်မှုများအား ကန့်ကွက်ရှုတ်ချပွဲ ဟုမ္မလင်းမြို့တွင် ဆောင်ရွက်





MNP ၊ ဇန်နဝါရီ ၂၇

ဟုမ္မလင်းမြိုနယ်၊ မောင်းခမ်းကျေးရွာမှ ဒေသခံရဟန်းရှင်လူပြည်သူများက ဦးဆောင်၍ ပြည်သူလူထု ၄၀၀ ဦးခန့်ဖြင့် အကြမ်းဖက်အဖွဲ့အစည်းများက ရှမ်းနီတိုင်းရင်းသားများ အပေါ် လူမျိုးတုန်း သတ်ဖြတ်မှုများအား ကန့်ကွက်ရှုတ်ချပွဲကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟုမ္မလင်းမြို့နယ်၊ မောင်းခမ်းကျေးရွာ ဒေသခံရဟန်းရှင်လူပြည်သူများက ဦးဆောင်၍ ပြည်သူလူထု ၄၀၀ ဦးခန့်ဖြင့် ရှမ်းနီအမျိုးသားများ ဖြစ်ကြသည့် သနန်ကျေးရွာနေ အပြစ်မဲ့ပြည်သူ ကလေးသူငယ်များ အပါအဝင် ၄၁ ဦးအား ရက်စက်စွာသတ်ဖြတ်ခဲ့သည့် PDF အမည်ခံ ကူကီးချင်း လက်နက်ကိုင် အကြမ်းဖက်အဖွဲ့၏ လုပ်ရပ်များအား ကန့်ကွက်ရှုတ်ချပွဲကို ဟုမ္မလင်းမြို့၊ ခိုပဲဝရပ်ကွက်၊ ခိုပဲဝဆုတောင်းပြည့်ဘုရားဝန်း၌ ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

လူမျိုးရေးပြဿနာများ ဖန်တီးလာသော PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ လုပ်ရပ်များနှင့် ပတ်သက်၍ သံဃာတော်များက ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)