ဇေယျာသီရိမြို့နယ်၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇေယျာသီရိမြို့နယ်၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများကျင်းပ




MNP ၊ဇန်နဝါရီ ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အားကစားခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က ကျောင်းသား၊ ကျောင်းသူလူငယ်များအား နှစ်စဉ်လွတ်လပ်ရေးနေ့ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ လွတ်လပ်ရေး၏ အနှစ်သာရကိုသိရှိပြီး တန်ဖိုးထားတတ်စေရန်၊ လွတ်လပ်ရေးကို ရရှိဖို့အတွက် အသက်၊ သွေး၊ ချွေးတွေရင်းနှီးပြီး အရယူခဲ့သည့် ဖြစ်စဉ်များအား တန်ဖိုးထားတတ်စေရန်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ်နှင့် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းများကို ကျောင်းသား၊ ကျောင်းသူများ သိရှိနိုင်စေရန်  ဟောပြောပွဲကျင်းပရခြင်းဖြစ် ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်က အမှာစကားပြောကြားခဲ့ပြီး နေပြည်တော်စာပေဝိုင်းနာယက ပခုက္ကူစာပေတစ်သက်တာဆုရှင် ဆရာမကြီး တင်ရီမ (ညောင်ဦး)က လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းမှုသမိုင်းကြောင်းများကို ဟောပြောဆွေးနွေးခဲ့သည်။ ယင်းနောက် ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က ဟောပြောဆွေးနွေးပေးသည့် ပခုက္ကူစာပေတစ်သက်တာဆုရှင် ဆရာမကြီး တင်ရီမ (ညောင်ဦး) အား အမှတ်တရလက်ဆောင်ပေးအပ်ခဲ့သည်။ ဆက်လက်၍ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်အေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးချုပ်မှ ဖျော်ဖြေရေးတီးဝိုင်းအဖွဲ့က ဖျော်ဖြေရေးအစီအစဉ်များဖြင့် သီဆိုတင်ဆက်ကြသည်။

ယင်းနောက် တက်ရောက်လာသည့် တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြ သထားသည့် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ကျောက်တိုင်၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အ ထိမ်းအမှတ် “လှပသာယာ ပြည်မြန်မာ” ရောင်စုံဓာတ်ပုံပြိုင်ပွဲတွင် ဆုရရှိသည့်ပုံများနှင့် ပြိုင်ပွဲဝင်ဓာတ် ပုံများ၊ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးနှင့်ပတ်သက်သည့် စာအုပ်စာစောင်များအား ရေလှိုင်းသဏ္ဍာန်ပုံဖော်ခင်းကျင်းပြသခြင်း၊ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲနှင့် ခွက်နင်းလမ်းလျှောက်ပြိုင်ပွဲများ ကျင်းပပေးခြင်း၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန် ခါးလှည့်ကွင်းဖြင့်ဆော့ကစားခြင်း စသည့်ပျော်ရွှင် ဖွယ်ဂိမ်းများကစား၍ အနိုင်ရရှိသူအား စာရေးကိရိယာနှင့် မုန့်များပေးအပ်ကာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။


ထွန်းလင်း(ဇေယျာမြေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)