MNP ၊ ဇန်နဝါရီ ၃၀
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၌၂၀၂၃-၂၀၂၄ပညာ
သင်နှစ်အတွက်အတန်းဆုံးစာမေးပွဲအား သက်ဆိုင်ရာစာစစ်ဌာန ကျောင်းများအလိုက်ကျင်းပပြုလုပ်လျက်ရှိရာယနေ့နံနက်ပိုင်းတွင် ဒုတိယနေ့အဖြစ် ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာဖြင့် ဖြေဆိုလျက်ရှိကြသည်။ဂွမြို့နယ်တွင်အခြေခံပညာကျောင်းပေါင်း (၁၄၀ )နှင့် ဘုန်းတော်ကြီးပညာသင်(၁)ကျောင်း၊ကိုယ်ပိုင်ကျောင်း(၁)ကျောင်းရှိ Grade-6၊ Grade-7၊Grade-8၊Grade-10၊Grade-11၊Grade-12ရှိ ကျောင်းသား၊ကျောင်းသူများက ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို အေးချမ်းစွာဖြင့်ဝင်ရောက်ဖြေဆိုလျက်ရှိပြီးGrade-4တွင် သင်္ချာဘာသာနှင့် လူမှုရေး နှစ်ဘာသာ ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
အဆိုပါ စာမေးပွဲကိုကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန် မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့်သက်ဆိုင်ရာကျောင်းများမှ ဆရာဆရာမများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment