နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ဇမ္ဗူသီရိမြို့နယ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ဇမ္ဗူသီရိမြို့နယ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားသို့ တက်ရောက်




MNP  ၊ ဇန်နဝါရီ  ၃၀

နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီမှ ကျင်းပပြုလုပ်သော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ လူငယ်ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးမင်းညွန့်၊ နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန် ဘက်ပေါင်းစုံက ကြိုးစားနေပြီး လူငယ်ကဏ္ဍကို အထူးအလေးထား ဆောင်ရွက်နေလျက်ရှိကြောင်း၊ မိမိတိုင်းပြည်အတွက် တန်ဖိုးရှိသည့် လူငယ်လူရွယ်များဖြစ်အောင် ကြိုးစားကြရမှာဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူလူငယ်များအား နိုင်ငံကိုချစ်သည့်စိတ်၊ တိုင်းပြည်ကိုချစ်သည့်စိတ်၊ အမျိုးဘာသာသာသနာကို ချစ်သည့်စိတ်၊ စာရိတ္တကိုယ်ကျင့်တရားကောင်းမွန်ပြီး ကိုယ်ချင်းစာစိတ်၊ စည်းကမ်းကောင်းမွန်မှု စသည့် အချက်များကို ဆရာ၊ ဆရာများ၊ မိဘများ လေ့ကျင့်ပျိုးထောင်ကြရမှာဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ကျောင်းစာများအပြင် ကျောင်းပြင်ပ အထွေထွေဗဟုသုတများ၊ နိုင်ငံတကာဗဟုသုတများကို လေ့လာပြီး ဗလငါးတန်နှင့်ပြည့်စုံကာ ဘက်စုံထူးချွန်သော လူငယ်လူရွယ်များဖြစ်အောင် ကြိုးစားကြရမှာဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့် တစ်ဦးချင်းဘဝတိုးတက်အောင် ကြိုးစားပြီး မိမိတို့မိသားစု၊ မိမိတို့တိုင်းပြည်အတွက် အားထားရသည့် ဗလငါးတန်နှင့်ပြည့်စုံသည့် အနာဂတ် သားကောင်းရတနာများဖြစ်အောင် ကြိုးစားကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် စာရေးဆရာမကြီး ခင်လေး (ပြည်ထောင်စုနယ်မြေ)က လူငယ်များအတွက် “လူငယ်နှင့် စိတ်ဓာတ်ခွန်အား” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောသည်။ ယင်းနောက် နေပြည်တော်လူငယ်ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြာရေးမှူး ဦးကြည်စိုးလင်းက ကျောင်းသား၊ ကျောင်းသူများအား ဉာဏ်စမ်းပဟေဠိ မေးခွန်းများမေးမြန်းရာ ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာ ဝင်ရောက်ဖြေဆိုခဲ့ကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် လူငယ်ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးမင်းညွန့်တို့က အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းအတွက် အားကစားပစ္စည်းများနှင့် ဉာဏ်စမ်းပဟေဠိမေးခွန်းများ ဖြေဆိုနိုင်သည့် ကျောင်းသား၊ ကျောင်းသူများအား ဆုလက်ဆောင်များ ထောက်ပံ့ပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)