MNP ၊ ဇန်နဝါရီ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ ဗုဒ္ဓဘာသာဝင်များအတွက် အထွဋ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကန့်ကွက်ရှုတ်ချပွဲကို ပန်းတနော်မြို့ ဂေါက်ကွင်း၌ စုရုံးစီတန်းပြီး နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်းသီဆိုခြင်း၊ ကြွေးကြော်သံများသံပြိုင်ရွတ်ဆိုခြင်း၊ (မျိုးချစ် မြန်မာ့ရဟန်းတော်များသမဂ္ဂ) ဆရာတော်ဦးဆောင်၍ မပုတု (အမျိုးသားရေးတက်ကြွ လှုပ်ရှားသူ) တို့မှ ဗုဒ္ဓဘာသာဝင်များအတွက် အထွဋ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတု တော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက် မိစ္ဆာများအား ကန့်ကွက်ရှုတ်ချကြောင်း ဟောပြောခဲ့ပြီး ဇာတိမာန်သီချင်းကို သံပြိုင်ရွတ်ဆိုခဲ့ကြောင်း သိရသည်။
ထို့နောက် ကန့်ကွက်ရှုတ်ချပွဲသို့ တက်ရောက်လာကြသည့် သံဃာတော်များနှင့် ဒေသခံပြည်သူ များက ဂေါက်ကွင်းမှ မြို့ပေါ်ရပ်ကွက်များအတွင်း စုရုံးစီတန်းလှည့်လည်၍ ဗုဒ္ဓဘာသာစော်ကား ဖျက်စီးနေကြသည့် မိစ္ဆာများအား (ဆန့်ကျင်ကြ-ဆန့်ကျင်ကြ)၊ စေတီပုထိုးနှင့် ဗုဒ္ဓဆင်းတုတော် များအား ဖျက်ဆီးနေကြသည့် အကြမ်းဖက်သမားများနဲ့ သာသနာဖျက်များအား (ဆန့်ကျင်ကြ-ဆန့်ကျင်ကြ)၊ ဒို့ဘာသာ ဒို့သာသနာ ဒို့ယဉ်ကျေးမှုဖျက်ဆီးစော်ကားသူများအား (ဆန့်ကျင်ကြ-ဆန့်ကျင်ကြ) စသည့် စာသားများပါ ဆိုင်းဘုတ်များနှင့် သာသနာ့အလံများ ကိုင်ဆောင်ကာ ကြွေးကြော်သံများကြွေးကြော်၍ စီတန်းလှည့်လည် ရှုတ်ချခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment