ရှမ်းမြောက်ဒေသ စစ်ပွဲအခြေအနေများနှင့်ပတ်သတ်၍ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) က သဘောထားကြေညာချက် ထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းမြောက်ဒေသ စစ်ပွဲအခြေအနေများနှင့်ပတ်သတ်၍ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) က သဘောထားကြေညာချက် ထုတ်ပြန်



MNP ၊ ဇန်နဝါရီ ၆

ရှမ်းမြောက်ဒေသ စစ်ပွဲအခြေအနေများနှင့်ပတ်သတ်၍ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) က ယနေ့ ရက်စွဲဖြင့် သဘောထားကြေညာချက် ထုတ်ပြန် ထားရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် (၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေ အရ နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို တည်တံခိုင်မြဲအောင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ သို့သော် ယခုအချိန် ကာလတွင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြည်ပသြဇာခံ ပြည်တွင်းအကြမ်းဖက် လက်နက်ကိုင် သောင်း ကျန်းသူအုပ်စုများမှ လမ်းတံတား၊ အဆောက်အဦ၊ စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်း၊ ဘုရားကျောင်း ကန် စေတီပုထိုးများကို ဖျက်စီးခြင်း၊ နိုင်ငံဝန်ထမ်းများနှင့် ရဟန်းရှင်လူ ပြည်သူများ၏ အသက် အိုးအိမ် စည်းစိမ်များပါ သေကြေပျက်စီး ဆုံးရှုံးအောင် လုပ်ဆောင်နေခြင်း၊ တပ်မတော်တပ်စခန်းများကို တိုက်ခိုက် သိမ်းပိုက်ခြင်း၊ ရဲကင်းစခန်းများကို တိုက်ခိုက်သိမ်းစည်းခြင်းများ ဖြစ်ပေါ်နေသည့်အခြေအနေတွင် အချိန်နဲ့ တပြေးညီ နိုင်ငံတော်ကာကွယ်ရေးအတွက် လိုအပ်သည့် အင်အားအကူအညီများ ပြည့်စုံလုံ လောက်စွာ  ပို့လွှတ်ပေးခြင်းဖြင့် အမြန်ဆုံး အမြစ်ဖြတ်ခြေမှုန်းတိုက်ခိုက် ကာကာကွယ်စောင့်ရှောက်ပေးဖို့ တိုက်တွန်း တောင်းဆိုထားသည်။

မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) ၏ ထုတ်ပြန်ကြေညာချက်တွင် ရှမ်းမြောက်ဒေသစစ်ပွဲများတွင် အိမ်နီးချင်းတရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို အဓိက အလေးထားကာ လက်နက်ကိုင်သောင်းကျန်းသူ အကြမ်းဖက်အုပ်စုများအတွက် အကာအကွယ်မပြုဘဲ မိမိတို့ အိမ်နီးချင်းနှစ်နိုင်ငံရှိ ပြည်သူများ၏ ကောင်းကျိုးကို အလေးထားကာ အစိုးရနှစ်ရပ် ပူးပေါင်း၍ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကိုသာ ရှေးရှုဆောင်ရွက်သင့်ပါသည်။ လက်နက်ကိုင် သောင်းကျန်း သူများကို လက်နက်ခဲယမ်းများ ရောင်းချပေးခြင်း၊ ကူညီပံ့ပိုးခြင်းများ မပြုလုပ်ရန် တိုက်တွန်းတောင်း ဆိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့၊ မြန်မာ့တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ (ပြည်ထဲရေး ဝန်ကြီးဌာန) တို့မှ မိမိတို့၏ လက်အောက်ခံ တပ်ရင်း တပ်မအသီးသီးတို့အား ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ အမျိုးသားအကျိုးစီးပွားအတွက် (အကြမ်းဖက် ပြည်ဖျက် လက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့အစည်းအုပ်စုများ မပါ) မြန်မာနိုင်ငံတော်၏ မြေပုံ မပျက်စီး မယုတ်လျှော့စေအောင် ထိရောက်လျှင်မြန်သော တုန့်ပြန်မှုမျိုးဖြင့် လုပ်ဆောင်ပေးနိုင်ရန် တိုက်တွန်းတောင်းဆိုသည်ကို တွေ့ရသည်။

ထို့နောက် လက်ရှိ ရှမ်းမြောက်ဒေသ စစ်ပွဲသတင်းများနှင့် ပတ်သက်၍ ပြည်ဖျက်မီဒီယာများ၏ မမှန်မကန် ရေးသားဖော်ပြခြင်းများကြောင့် ပြည်သူများကြားတွင် ထင်ယောင်ထင်မှား မဖြစ်ပေါ်စေရန်နှင့် စိုးရိမ် သောက မဖြစ်ပေါ်စေရန် မှန်ကန်သော သတင်းထုတ်ပြန်ချက်များအား အချိန်နှင့်တပြေးညီ ပြည်သူများ သိရှိနားလည်အောင် ထုတ်ပြန်ကြေညာပေးနိုင်ရန် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ကောင်းကျိုးကို လိုလား သော ရဟန်းရှင်လူပြည်သူများကိုယ်စား မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်) မှ သဘောထား ကြေညာချက် ထုတ်ပြန်ထားခြင်း ဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)