တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ထူးချွန်သူများအား ဂုဏ်ပြုသည့် ဆုနှင်းသဘင်အခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ထူးချွန်သူများအား ဂုဏ်ပြုသည့် ဆုနှင်းသဘင်အခမ်းအနားသို့ တက်ရောက်






MNP ၊ဇန်နဝါရီ  ၂၉

ဆရာမိုးဒီကိုယ်ပိုင်အထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ (ဗဟိုအဆင့်) ပထမဆုနှင့် ထူးချွန်သူများအား ဂုဏ်ပြုသည့် ဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ရှေးဦးစွာ ကျောင်းသား/သူများက “အဖက်ဖက်ကပညာရွှေပြည်” သီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက “ပညာရေးဖြင့်ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့”ဟူသော ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ပညာရေးကဏ္ဍသည် အရေးပါလှကြောင်း၊ ဆရာမိုးဒီပညာရွှေပြည်ပညာရေးဝန်ဆောင်မှုမှ ဒေသဖွံ့ဖြိုးရေး၊ ပညာရေးကို ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်အနေဖြင့် ပညာရေးမူဝါဒများနှင့်အညီ ပညာရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများတွင် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းပါဝင် ဆောင်ရွက်ရေး၊ နိုင်ငံတကာ အသိမှတ်ပြုပြီး အရည်သွေး အာမခံချက်ရှိသည့် ကိုယ်ပိုင်(သို့မဟုတ်) ပုဂ္ဂလိကကျောင်းများ ပေါ်ထွက်လာရေးစသည့် အခြေခံမူများ ပါရှိကြောင်း၊  ပညာကို တန်ဖိုးထား၍  အစဉ်လေ့လာသင်ယူနေသော လူ့ဘောင်အဖွဲ့စည်းတစ်ရပ်ကို ဖန်တီးပေးနိုင်သော ပညာရေးစနစ်တစ်ခု ဖြစ်ထွန်းလာစေရေးအတွက် ပညာရေး ရည်မှန်းချက်အား ပညာရေးဝန်ကြီးဌာန၊. အခြေခံပညာကျောင်းများနှင့် ပုဂ္ဂလိက(ကိုယ်ပိုင်)ကျောင်းများ စုပေါင်း၍ ဝိုင်းဝန်းပူးပေါင်းကာ တနင်္သာရီတိုင်းဒေသကြီး၏ ပညာရေးဖွံ့ဖြိုးမှုနှင့်အတူ ဘက်စုံပညာဖွံ့ဖြိုးတိုးတက်မှုကို အစဉ်အဆက် မပြတ် အစွမ်းကုန် ကြိုးစားဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဦးဝင်းနောင်က အမှာစကား ပြောကြားပြီး ဆရာမိုးဒီပညာရွှေပြည် ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌဆရာမိုးဒီက ကျေးဇူးတင်နှုတ်ဆက်စကား ပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသော ဧည့်သည်တော်များအား ကျောင်းသား/သူများက တိုင်းရင်းသားအက၊ ထားဝယ်ရေအိုးရွက်အက၊ စကားရည်လုပွဲ၊ ကဗျာလွတ်အက၊ လောကအားမာန် သီချင်းများဖြင့် သီဆိုဖျော်ဖြေသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ (ဗဟိုအဆင့်) ပထမဆုရရှိသော Grade-7 ကျောင်းသား မောင်ဝေမြတ်ဇော်နှင့် ဆရာမိုးဒီကိုယ်ပိုင်အထက်တန်းကျောင်းမှ ထူးခွန်သူများအား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ပြီး ကျောင်းသား/သူများက  “ဘက်စုံပညာကိုရည်တို့လှမ်းချီ” သီချင်းဖြင့် သီဆိုဂုဏ်ပြုခဲ့ကြောင်း သတင်းရသည်။


https://t.me/MyanmarNationalPost

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)