ကျွန်းလှမြို့နယ်၊ မကျည်းအင်းကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်း ရာနှုန်းပြည့် ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းလှမြို့နယ်၊ မကျည်းအင်းကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်း ရာနှုန်းပြည့် ပြီးစီး





MNP ၊ဇန်နဝါရီ  ၂၉

 စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ မကျည်းအင်းကျေးရွာတွင် ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော ကျေးရွာအဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

“ ကျွန်တော်တို့ ကျေးရွာအဝင်လမ်းမှာ ယခင်က ကျောက်ကြမ်းလမ်းသာဖြစ်ပြီး သွားလာရေးခက်ခဲကြောင်း၊ အခုလို ကွန်ကရစ်လမ်းခင်းပေးခြင်းဖြင့် အချိန်တိုအတွင်း ရာသီမရွေး သွားလာရေး ကောင်းမွန်ပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည် " ဖြစ်ကြောင်း ကျေးရွာနေ ပြည်သူများထံမှ သိရသည်။

ကွန်ကရစ်လမ်း အရှည် ၂၆၄၀ ပေ၊ အကျယ် ၁၂  ပေ၊ ထု ၇ လက်မကို ခွင့်ပြုရန်ပုံငွေကျပ် ၂၁၂ ဒသမ ၇၁၄ သန်းဖြင့် ဇေယျာခုနှစ်သွယ် ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်လမ်း စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အရည်အသွေး စစ်ဆေးရေးကော်မတီနှင့် တာဝန်ရှိသူတို့က ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)