MNP ၊ ဇန်နဝါရီ ၃၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ၊ ရွှေတောင်မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများ သည်ယမန်နေ့ နံနက် ပိုင်းက ရွှေတောင်မြို့နယ်အတွင်း နွေစပါး (အင်း/ မုယင်း) စိုက်ပျိုးသည့် ကျေးရွာ အုပ်စု များတွင် တောင်သူများနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးကြည့်ရှုရာတွင် ရွှေတောင်မြို့နယ်၊ သရက်သုံးပင်ကျေးရွာအုပ်စု၊ကွင်းအမှတ်( ၄၄၉) သရက်သုံးပင်ကွင်းရှိ တောင်သူ ဦးမြသန်း စိုက်ပျိုးထားသည့် မတ်ပဲ (TBL-9) ( ၅. ၀၀)ဧကအောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေ၊ တောင်သူဦးမျိုးလှိုင် စိုက်ပျိုးထား သည့် နွေစပါး ရတနာတိုး (၄. ၀၀)ဧကအောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများနှင့် သရက်သုံးပင်ကျေးရွာအုပ်စုအတွင်း စိုက်ပျိုးထားသည့် နွေစပါး(အင်း/ မုယင်း) စိုက်ဧက ( ၄၁၉)တို့အား ကွင်းဆင်း စစ်ဆေးကြည့်ရှုခဲ့ပြီး ရွှေတောင်မြို့နယ်၊ ကျီးသဲကျေးရွာအုပ်စု ကွင်းအမှတ်( ၄၄၅") ရှိတောင်သူ ဦးကျော်လွင်၏ နွေစပါးရက်( ၉၀)(၃. ၀၀)ဧကအောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများ၊ကျီးသဲကျေးရွာအုပ်စုအတွင်းနွေစပါး( မုယင်း) ( ၂၉)ဧကစိုက်ပျိုးထားရှိမှုအခြေအနေများ၊ ရွှေတောင်မြို့နယ် မြို့မကျေးရွာအုပ်စု၊ ကွင်းအမှတ် ( ၄၄၄A) မြို့မကွင်းရှိ တောင်သူဦးမြင့်ဦး၏ နွေစပါးရက်(၉၀) (၆. ၀၀)ဧကစိုက်ပျိုးထားရှိမှုအခြေအနေများနှင့် မြို့မကျေးရွာအုပ်စုအတွင်းနွေစပါး(အင်း/ မုယင်း) စိုက်ဧက ( ၁၈၆) စိုက်ပျိုးဖြစ်ထွန်းမှုတို့အားစစ်ဆေးကြည့်ရှုခဲ့ပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ သက်တမ်းတိုအထွက်ကောင်းမျိုးများ ပြောင်းလဲစိုက်ပျိုးရန်၊ သွင်းအားစုနှင့်စိုက်နည်းစနစ်များ ပြောင်းလဲ စိုက်ပျိုးရန် ကောက်စိုက်စက် ကိရိယာများ အသုံးပြုရန်တို့အားဆွေးနွေးခဲ့သည်။
ရွှေတောင်မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ အနေဖြင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှု၊ပြည်ခရိုင်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် မိမိမြို့နယ်အတွင်း နွေစပါးစိုက်ဧက များ လျာထားချက်ထက် ပြည့်မှီကျော်လွန်စွာ စိုက်ပျိုးနိုင်ရေး အကောင်ထည်ဖော်ဆောင်ရွက် လျှက်ရှိကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment