ငြင်း၍ မရသော အမှန်တရား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငြင်း၍ မရသော အမှန်တရား



အရင်ကရေးခဲ့ဖူးပါတယ် တပ်မတော်နဲ့ ဘယ်လို plan တွေရှိနေပါစေ။ ပြည်သူတွေ၊ တပ်မတော်သားတွေ၊ရဟန်းသံဃာတွေရဲ့ အသက်တွေသေဆုံးနေတာတွေကို ကြည့်မနေဖို့။ အသက်တွေနဲ့စတေးပြီး အလှည့်အပြောင်းတစ်ခုကိုမဖန်တီးဖို လိုပါတယ်။ ကျတော့်အမြင်အရ ဒီကိစ္စတွေကို တပ်မတော်အနေနဲ့ ထိန်းချုပ်လိုရရဲ့သားနဲ့ တမင်လွှတ်ထားတယ်လို မြင်ပါတယ်။ တပ်မတော်အနေနဲ့ မလုပ်နိုင်စရာအကြောင်းလည်း မရှိပါဘူး။

(စာကြွင်း ။  ။ တပ်မတော်မှ မလုပ်နိုင်ဘူးဆိုရင် ရဟန်းရှင်လူ ပြည်သူလူထု ထောင်ပေါင်းများစွာ သေဆုံးခဲ့ရပြီး ဖြစ်သလို သောင်းနဲ့ချီ သေဆုံးရမယ့် အခြေအနေမျိုးဖြစ်ပါတယ်။)


ယခု မြေပြင်အခြေအနေမှန်က ပြည်သူပါဝင်ရဲ့သားနဲ့ နယ်မြေသတင်းတွေကို ဥပေက္ခာပြုပြီး ငါတို့လုပ်ချင်လုပ်မယ်၊ မလုပ်ချင်မလုပ်ဘူးဆိုတဲ့ အချိုးမျိုးကို လုပ်နေခြင်းဖြစ်ပါတယ်။ အထက်ကပဲမသိတာလား။ သိရဲ့သားနဲ့ရဟန်းရှင်လူ ပြည်သူလူထု အတိဒုက္ခရောက်အောင် လုပ်ချင်ရာလုပ် လွှတ်ထားတာလားတော့ မပြောတတ်ပါ။


ရန်သူရဲ့တည်နေရာတွေ အတိအကျ သိပါလျက်နဲ့ ရန်သူရဲ့ လှုပ်ရှားမှုတွေကို ပြည်သူက သတင်းပေးနေပါလျက်နဲ့ မနှိမ်နင်းပါ။


ဒါတွေကြောင့် ပြည်သူတွေရဲ့တပ်မတော်အပေါ်ယုံကြည်မှုဟာ မှေးမှိန်လာကြပြီဆိုတာ ငြင်းမရတဲ့အမှန်တရားဖြစ်ပါတယ်။

ပြည်သူတွေပေးတဲ့ သတင်းတွေကို အရေးတယူဆောင်ရွက်ခြင်း မရှိတဲ့အတွက် ပြည်သူတွေရဲ့ စိတ်ထဲမှာ ငါတို့သတင်းပေးလည်း လုပ်ချင်မှလုပ်တာဆိုတဲ့ အတွေးနဲ့ သတင်းတွေကိုမပေးကြတော့ပါဘူး။


ဘယ်သူမပြု မိမိမှုပါပဲ။ ဒီလိုဖြစ်အောင်လည်း လက်ရှိအခြေအနေအရ တပ်မတော်သွားနေတဲ့လမ်းဟာ ပြည်သူတွေနဲ့ တပ်မတော်ချစ်တဲ့သူတွေကို ဒွိဟဖြစ်စေပါတယ်။ ကျန်ခဲ့တဲ့ အချိန်တွေက သတင်းပေးသူများလျှို့ဝှက်စွာသတင်းပေးလို့ရပြီး ဆုငွေထုတ်ယူလိုရတယ်ဆိုတဲ့ သတင်းကို နိုင်ငံပိုင်ရုပ်သံက ထုတ်လွှင့်ခဲ့ပေမယ့် ဘယ်သူမှဆုငွေ မရပါဘူး။ ဘယ်သူ့ကိုမှ ဆုငွေပေးတာ မကြားမိပါဘူး။ 


ဒီကိစ္စကိုပြောရခြင်းက သတင်းပေး ပြည်သူတွေက ပိုက်ဆံမရလိုမဟုတ်ပါ။ သတင်းပေးသူတို့ အဓိကလိုအပ်ချက်က ပိုက်ဆံမဟုတ်ပါ။ ငြိမ်းချမ်းသော လူမှုဘဝ၊ အေးချမ်းသာယာသော နိုင်ငံအဖြစ် အမြန်ဖြစ်စေချင်တဲ့ ဆန္ဒတစ်ခုတည်းနဲ့ သတင်းတွေပေးနေကြခြင်းဖြစ်ပါတယ်။ ပြည်သူတွေဟာ သူတို့ရဲ့ အသက်ကိုရင်းပြီး သတင်းပေးနေခြင်းဖြစ်ပါတယ်။ ဒါကိုသတိချပ်ဖို လိုပါတယ်။ ဒါပဲခင်ဗျာ။


ကျွန်းလှမီးအိမ်ရှင်


(အထက်ဖော်ပြပါ ရေးသားဖော်ပြချက်သည် ကျွန်းလှမီးအိမ်ရှင် ၏ ရေးသားတင်ပြမှုဖြစ်ပါသည်။)

ဖြည့်စွက်အနေဖြင့် မြန်မာနေရှင်နယ်ပို့စ်မှ ထပ်ဆင့်တင်ပြလိုသည်မှာ -

တည်ငြိမ်အေးချမ်းမှုကိုလိုလားသော ရဟန်းရှင်လူပြည်သူများရဲ့ ကိုယ်စား ကျွန်တော်တို့ အမျိုးသားရေးမီဒီယာများမှ တင်ပြနေမှုများကိုလည်း တာဝန်ရှိသူများက အလေးထားခြင်း မရှိပါ။ တပ်မတော်ဦးဆောင်သည့် နစကအစိုးရကို ပြည်ဖျက်မီဒီယာများက အာဏာရှင်အဖြစ် ပုံဖျက်ဖော်ပြနေမှုများကို ခြေပ၍ ကျွန်တော်တို့ အနေဖြင့် တုန့်ပြန်ဆောင်ရွက်နေကြပါသည်။

နစကအစိုးရ အကြီးအကဲများ အာဏာရှင် ဖြစ်နေသလား၊ ဖြစ်မနေဘူလား ကျွန်တော်တို့ မသုံးသပ်နိုင်ပါ။ အချို့သော (အချို့သော) မြို့နယ်၊ ခရိုင်များတွင် တာဝန်ပေးအပ်ခြင်းခံရသော ဗိုလ်မှူး၊ ဗိုလ်မှူးကြီး ဆိုသူများမှာ နိုင်ငံရေး အကြပ်အတည်းကြားတွင် တပ်မတော်ဂုဏ်သိက္ခာထိခိုက်စေရန် ကိုယ်ကျိုးရှာ ရမ်းကားနေသော အာဏာရှင်ပေါက်စလေးများ ဖြစ်နေသည်ဟု ဖြည့်စွက် တင်ပြလိုပါသည်။

အာဏာရှင်ပေါက်စလေးများသည် အကြမ်းဖက်သမားများကို မနှိမ်နင်းနိုင်စေကာမူ အကြမ်းဖက်သမား မဟုတ်သည့် ပြည်သူများအပေါ် လူပါးဝ အနိုင်ကျင့် စော်ကား ငွေညှစ်သည့် လုပ်ရပ်များကို လုပ်နေသူ တချို့ (တချို့) ကို ထိန်းသိမ်း ကြပ်မက်ပေးစေလိုပါသည်။ ပြည်သူလူထုအကျိုးကို မေတ္တာရှေးရှု ဆောင်ရွက်ကြရန် လမ်းညွှန်ပေးစေလိုပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)