တောင်ကုတ်မြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်လက်ကမ်းစာစောင်များဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်လက်ကမ်းစာစောင်များဖြန့်ဝေ




MNP ၊ ဇန်နဝါရီ ၃

ရခိုင်ပြည်နယ် ၊ တောင်ကုတ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က အခမဲ့ ထုတ်ဝေသည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်း က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဖြန့်ဝေခဲ့ကြောင်းသိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အမျိုးသားရေး ဦးတည်ချက်များ ၊  ဗိုလ်ချုပ်အောင်ဆန်း ၂၀-၁-၁၉၄၆ ရက်နေ့ အလယ်ပစ္စယံညီလာခံ၌ ပြောကြားခဲ့သော မိန့်ခွန်း ကောက်နုတ်ချက်များ ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၄-၁-၂၀၂၃ ရက်နေ့တွင် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်း အနားသို့ ပေးပို့သည့်သဝဏ်လွှာမှ ကောက်နုတ်ချက်များ ၊ စာညွန့် ၊ ကဗျာ ၊ ဆောင်ပုဒ် ၊ ကာတွန်း နှင့်သမိုင်းမှတ်တမ်းဓာတ်ပုံများ ပါရှိကြောင်းသိရသည်။



 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)