MNP ၊ဇန်နဝါရိ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဘင်ခရာပစ္စည်း၊ ဝတ်စုံများ ပေးအပ်ပွဲနှင့် သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၃၀ ရက်နေ့၊ နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(သော်ကဆောင်)ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမင်းဧရာထိုက်မှ ဘင်ခရာသင်တန်းဖွင့်လှစ် ဖွဲ့စည်း သင်ကြားပို့ချရခြင်း ရည်ရွယ်ချက်များအား သင်တန်းဆင်းအမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ခင်သက်နိုင်၊ အခြေခံပညာ အထက်တန်းကျောင်း(သာပေါင်း) ကျောင်းအုပ် ဒေါ်အေးနိုင်ဦးတို့ထံ ဘင်ခရာပစ္စည်းများ၊ ဝတ်စုံများအားပေးအပ်ခြင်းနှင့် နည်းပြဆရာများအား လက်ဆောင် ပစ္စည်း များပေးအပ်ခဲ့ကြသည်။
ထို့နောက် ဘင်ခရာတပ်ဖွဲ့မှ စစ်ကြောင်းပုံစံဖြင့် ချီတက်အလေးပြု၍ တေးသီချင်းများဖြင့်တီးမှုတ် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment