မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံမှုဖြင့် ကွန်ပျူတာတက္ကသိုလ်(သထုံ)၌ သက်သာ‌သောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံမှုဖြင့် ကွန်ပျူတာတက္ကသိုလ်(သထုံ)၌ သက်သာ‌သောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေး

  





MNP ၊   ဇန်နဝါရီ   ၁

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် ပြည်နယ်အစိုးရအဖွဲ့၏ စီမံမှုဖြင့် ယနေ့ နံနက်က ဆန်၊ ဆီ၊ အသားငါး၊ ဟင်းသီးဟင်းရွက် စသည့် အခြေခံစားသောက်ကုန်များကို သတ်မှတ်ထားသည့် သက်သာသောဈေးနှုန်းတို့ဖြင့် မြို့နယ်အဆင့်အခြေခံစားသောက်ကုန်ပစ္စည်းများ ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီမှ တာဝန်ရှိသူတို့က သွားရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာတွင် ဧည့်မထဆန် တစ်ပြည် ၂၈၀၀ ကျပ်၊ စားအုန်းဆီ တစ်ပိဿာ ၅၄၀၀ ကျပ်နှင့် ကြက်သား၊ ဝက်သား၊ အမဲသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ ဟင်းသီးဟင်းရွက်၊ ကုန်စိမ်း၊ ကုန်ခြောက် စသည့်အခြေခံစားသောက်ကုန်အမျိုးမျိုးတို့ကို သတ်မှတ်ထားသည့် သက်သာသောဈေးနှုန်းတို့ဖြင့် စနစ်တကျ ရောင်းချပေးရာ ကွန်ပျူတာတက္ကသိုလ်(သထုံ)ပါမောက္ခချုပ် ဒေါက်တာနီလာသိန်းနှင့် ဆရာ/ဆရာမများ၊ ဝန်ထမ်းများက အေးချမ်းပျော်ရွှင်စွာဖြင့် လာရောက်ဝယ်ယူခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးမင်းစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်း ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်တို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါရောင်းချပေးခြင်းကို ကွန်ပျူတာတက္ကသိုလ်(သထုံ)၌ အပတ်စဉ် တနင်္လာနေ့တိုင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး အလားတူ မြို့နယ်အတွင်း ကုန်ဈေးနှုန်းများ တည်ငြိမ်ရေးအတွက် ပြည်သူများထံ သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို သထုံမြို့နယ်အတွင်းရှိ စည်ပင်သာယာ‌ဈေးများ၊ ရပ်ကွက်/ကျေးရွာများ၌ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်အဆင့်အခြေခံစားသောက်ကုန်ပစ္စည်းများ ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီမှ သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)