ဂျပန်နိုင်ငံတွင် ငလျင်လှုပ်ခတ်ပြီးနောက် အိမ်ခြေ ၄၅,၀၀၀ ကျော် လျှပ်စစ်မီး ပြတ်တောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂျပန်နိုင်ငံတွင် ငလျင်လှုပ်ခတ်ပြီးနောက် အိမ်ခြေ ၄၅,၀၀၀ ကျော် လျှပ်စစ်မီး ပြတ်တောက်


တိုကျို၊ ဇန်နဝါရီ ၂

ဂျပန်နိုင်ငံအလယ်ပိုင်း Ishikawa စီရင်စုတွင် တနင်္လာနေ့က ပြင်းအား ၇.၅ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် အိမ်ခြေ ၄၅,၇၀၀ ခန့် လျှပ်စစ်မီးပြတ်တောက်ခဲ့ကြောင်း Hokuriku Electric Power ကုမ္ပဏီမှ အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါငလျင်ကြောင့် Ishikawa တွင် လူခြောက်ဦးသေဆုံးပြီး တိုယာမနှင့် နီဂါတာအပါအဝင် အခြားစီရင်စုလေးခုတွင် ဒါဇင်နှင့်ချီသော ပြည်သူများ ဒဏ်ရာရရှိခဲ့ကြောင်း ဂျပန်အများပြည်သူပိုင်ရုပ်သံလိုင်း NHK က ဆေးရုံများနှင့် ဒေသဆိုင်ရာအာဏာပိုင်များကို ကိုးကား၍ ဖော်ပြခဲ့သည်။

ကာကွယ်ရေး ဝန်ကြီးဌာနသည် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ကူညီရန် စစ်ဘက်ဝန်ထမ်း ၁၀၀၀ ကို စေလွှတ်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီး Minoru Kihara က တနင်္လာနေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။


Ref  - CNN

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)