စမ်းချောင်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလိုက်လံနှိုးဆော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စမ်းချောင်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလိုက်လံနှိုးဆော်



MNP ၊ ဇန်နဝါရီ  ၉

ရန်ကုန်တိုင်း‌ဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိ ပြည်သူများမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် အသိပညာပေးမှုများအား ယမန်နေ့ည(၇:၃၀)မှ (၉းဝဝ)ထိ လိုက်လံနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် စမ်းချောင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးဖြိုးဝင်းသူဦးဆောင်၍ တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့်   မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် ဒေသခံပြည်သူများ အသက်အိုးအိမ်စည်းစိမ်များဆုံးရှုံးမှုမရှိစေရေးအတွက် မိမိနေအိမ်တွင်လူစောင့်မရှိဘဲ မီးဖိုများအသုံးမပြုကြရန်၊ မီးဘေးလုံခြုံရေးအတွက် ထမင်းဟင်းများချက်ပြုတ်သုံးစွဲပြီးပါက မီးကြွင်းမီးကျန်များမထားကြရန်၊ မီးလောင်လွယ်သောဓာတ်ငွေ့နှင့်သိုလှောင်ဆီများကို တရားမဝင်သိုလှောင်ရောင်းချခြင်းမပြုလုပ်ကြရန်၊ လျှပ်စစ်မီး၊ ဓာတ်ငွေ့မီးများနှင့် ချက်ပြုတ်သုံးစွဲပြီး လုပ်ငန်းများလုပ်ကိုင်ပြီးပါက ခလုတ်များပိတ်ထားကြရမည်ကို သတိပြုကြရန်၊ လျှပ်စစ်ဓာတ်အားသုံး ဝါယာကြိုးများအား ခံနိုင်ရည်ထက်ကျော်လွန်စွာ ဝန်နှင့်အားမမျှ သုံးစွဲခြင်းမပြုလုပ်ကြရန်၊ မီးလောင်မှုဖြစ်ပွားပါက အချိန်မီသတင်းပေးပို့ကြရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ လိုက်နာရမည့်အချက်များအား လိုက်လံနှိုးဆော်ပေးမှုများ  ဆောင်ရွက်‌နေကြောင်းသိရသည်။

ထိုသို့ မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်ခြင်းကို စမ်းချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ လိုက်လံနှိုးဆော်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။                        


ဖြူသွယ်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)