ခွေးရူးများနဲ့တူသော အကြမ်းဖက်အဖွဲ့များနဲ့ ယှဉ်ပြိုင်ဖို့ မထိုက်တန်ပေမယ့် ခွေးရူးကိုက်တာကိုချည်း ခံနေရတာ ရှက်စရာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခွေးရူးများနဲ့တူသော အကြမ်းဖက်အဖွဲ့များနဲ့ ယှဉ်ပြိုင်ဖို့ မထိုက်တန်ပေမယ့် ခွေးရူးကိုက်တာကိုချည်း ခံနေရတာ ရှက်စရာ



ဒီရက်ပိုင်းအတွင်းမှာ ပေါက်ကိုယ်တော်ရဲ့ ဟောပြောမှုကို ပြည်ဖျက်မီဒီယာတွေက အကျယ်တဝင့် ဟိုက်လိုက်လုပ် ဖော်ပြမှုတွေ တွေ့မြင်လာရပါတယ်။ MNDAA အကြမ်းဖက်အဖွဲ့က လောက်ကိုင်မြို့နယ်၊ ဆီအောကျေးရွာ၊ ဆင်ဦးကင်းတောင်ထိပ်က ရွှေတိဂုံပုံတူ စေတီတော်ကို ဖျက်ဆီး၊ ဗုဒ္ဓရုပ်ပွားတော်များကို ထုခွဲဖျက်ဆီးတဲ့ လုပ်ရပ်တွေ လုပ်ပြလာတဲ့အချိန်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သံဃာတော်များက ဦးဆောင်ပြီး ဗုဒ္ဓဘာသာဝင် ပြည်သူများက ကန့်ကွက်ရှုတ်ချမှုတွေ လုပ်ဆောင်လာခဲ့ကြပါတယ်။

မြို့နယ်အသီးသီးမှာ ဟောပြောကြတဲ့ သံဃာတော်များဟာ တပ်မတော်က ဆောင်ရွက်နေတဲ့ အကြမ်းဖက်နှိမ်နင်းရေးအပေါ်မှာ ပြတ်သားမှုမရှိတဲ့အခြေအနေကြောင့် ဘာသာ သာသနာကိုပါ ထိပါးစော်ကားလာတဲ့ အခြေအနေကို ထင်ဟပ်ပြောဆိုခဲ့ကြပါတယ်။ တပ်မတော်ရဲ့ သဘောထားကြီးမှုကို အခွင့်ကောင်းယူပြီး အကြမ်းဖက်သူပုန်တွေက ဆိုးသွမ်းလာလေ သံဃာတော်များနဲ့ ပြည်သူများမှာ ရင်ထုမနာဖြစ်ရလေပါပဲ။ 

MNDAA အကြမ်းဖက်အဖွဲ့ရဲ့ မဖွယ်မရာ ဘာသာ သာသနာအပေါ် စော်ကားတဲ့ လုပ်ရပ်တွေ ထွက်ပေါ်လာပြီး မန္တလေးမြို့က သံဃာတော်များက ဦးဆောင်ကန့်ကွက်ခဲ့ကြသလို ရန်ကုန်၊ နေပြည်တော်၊ မော်လမြိုင်၊ လားရှိုး၊ တောင်ကြီး၊ မြစ်ကြီးနား၊ ပုသိမ် မြို့ကြီးများအပြင် နယ်မြို့အသီးသီးမှာ သံဃာတော်များနှင့် ပြည်သူများက ကန့်ကွက်ရှုတ်ချမှုတွေ လုပ်ခဲ့ကြပါတယ်။ MNDAA အကြမ်းဖက်အဖွဲ့ရဲ့ အောက်တန်းကျတဲ့  လုပ်ရပ်နဲ့ ပတ်သက်လို့ ပြောဆိုကြသလို တပ်မတော်ရဲ့ ဆောင်ရွက်ချက်တွေအပေါ်မှာလည်း ထောက်ပြပြောဆိုခဲ့ကြတာပဲ ဖြစ်ပါတယ်။

ပြင်ဦးလွင်မြို့မှာ ကျင်းပတဲ့ MNDAA အကြမ်းဖက်အဖွဲ့ကို ကန့်ကွက်ရှုတ်ချတဲ့ ပွဲမှာ ပေါက်ကိုယ်တော် ဟောပြောခဲ့တာကိုလည်း အားလုံးကြားသိခဲ့ကြရပြီးပါပြီ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး ကို အရပ်ဘက် တာဝန်များသာ ဆောင်ရွက်ဖို့ စစ်ရေးကိစ္စတွေမှာ ပြတ်ပြတ်သားသား ဆောင်ရွက်နိုင်မယ့်သူကို တာဝန်ပေးအပ်ဖို့ မိန့်ကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ သက်ဆိုင်ရာရဲ့ ခေါ်ယူမေးမြန်းမှုကိုလည်း ဆရာတော်အနေနဲ့ သွားရောက်တွေ့ဆုံ ရှင်းလင်း ပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။

ပေါက်ကိုယ်တော်ရဲ့ ဟောပြောမှုကို ဟိုက်လိုက်လုပ်ပြီး ပြည်ပြေး ဝရမ်းပြေး မီဒီယာတွေ၊ ဗြိတိန်အခြေစိုက် BBC သတင်းဌာနတို့က တပ်မတော်နဲ့ သံဃာတော်များကို ရန်တိုက်ပေးတဲ့ လုပ်ရပ်တွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာကြပါတယ်။ 

ပေါက်ကိုယ်တော်ရဲ့ ဟောပြောမှုကို ဟိုက်လိုက်လုပ်ပြီး ပြည်ဖျက်မီဒီယာ BBC က "အာဏာသိမ်း စစ်ခေါင်းဆောင် နုတ်ထွက်ဖို့ ပေါက်ကိုယ်တော် ဘာကြောင့် တောင်းဆိုတာလဲ" ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ဖော်ပြထားသလို " အာဏာသိမ်း စစ်ခေါင်းဆောင် နတ်ထွက်ပေးဖို့ ဆိုပြီး အမျိုးသားရေး ဆရာတော်လို့ လူသိများတဲ့ ပေါက်ကိုယ်တော်က ပြင်ဦးလွင်က ဆန္ဒပြပွဲမှာ ဟောပြောသွားခဲ့ပါတယ်။ ဒီလို တောင်းဆိုမှု ဖြစ်လာတာ ဘာကြောင့်ပါလဲ။" ဆိုပြီးတော့လည်း သတင်းသုံးသပ်ချက်အနေနဲ့ ဖော်ပြထားတာကို တွေ့ရပါတယ်။

ပြည်ဖျက်မီဒီယာ BBC မှာ ဖော်ပြထားတဲ့ (အာဏာသိမ်း စစ်ခေါင်းဆောင် နုတ်ထွက်ဖို့) ဆိုတဲ့ ဝေါဟာရတွေဟာ ပြည်ဖျက်မီဒီယာ BBC က ဖန်တီးသုံးစွဲတဲ့ ဝေါဟာရတွေချည်းပဲ ဖြစ်ပါတယ်။ ပေါက်ကိုယ်တော်ရဲ့ ဟောပြောမှုမှာ အဲဒီ ဝေါဟာရတွေ တစ်လုံးမှ မပါခဲ့ဘူး။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ စစ်ဘက်ရော အရပ်ဘက်ပါ ကိုင်တွယ်နေရတဲ့ သဘောကို မိန့်ကြားပါတယ်။ စစ်ရေးနဲ့ ပတ်သက်တဲ့ ဆောင်ရွက်ချက်တွေမှာ မပြတ်သားတဲ့အတွက် ဘာသာ သာသနာကို ထိပါးစော်ကားသည်အထိ ဖြစ်လာတဲ့အပေါ်မှာ စစ်ရေးဆိုင်ရာ ပြတ်သားစွာ ဆောင်ရွက်နိုင်သူကို စစ်ဘက်တာဝန်များ လွှဲပြောင်းပေးစေလိုခြင်း သဘောကို မိန့်ကြားသွားခဲ့ခြင်း ဖြစ်ပါတယ်။

တပ်မတော်ရဲ့ စစ်ရေးဆိုင်ရာ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ သံဃာတော်များကသာ အားမလို အားမရ ဖြစ်နေတာ မဟုတ်ပါဘူး။ သာမန်အရပ်သား ပြည်သူများမှာလည်း အကြမ်းဖက်သမားများရဲ့ အန္တရာယ်ကို စိုးရိတ်ထိတ်လန့်နေရတဲ့ အခြေအနေကြောင့် အားမရကြပါဘူး။ ထိုနည်းတူစွာ တပ်မတော်သားဟောင်းများ၊ တပ်မတော်သား အငြိမ်းစားများလည်း အားမရကြပါဘူး။ ဝေဖန် ထောက်ပြ ပြောဆိုရင် အပြစ်မြင်လာမှာစိုးလို့သာ ရေငုံနှုတ်ပိတ် နေကြရတာပါ။

NLD ဦးဆောင်သူများက CRPH, NUG, PDF ဆိုတဲ့ အကြမ်းဖက်အဖွဲ့တွေကို ဖွဲ့စည်းပြီး KNU, KNLA, KIA, KNPP, KNDF, CDF အစရှိသော သူပုန်အဖွဲ့များနဲ့ ပူးပေါင်းပြီး ၃နှစ်တာ ကာလ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေရာကနေ ရှမ်းပြည် (မြောက်ပိုင်း) က MNDAA, TNLA, AA  သူပုန်အဖွဲ့များကပါ အကြမ်းဖက်မှုတွေ လုပ်ဆောင်လာတဲ့အခါ တပ်မတော်ကို အားပေးထောက်ခံနေတဲ့ ရဟန်းရှင်လူ ပြည်သူလူထုမှာ စိုးရိမ်ရေမှတ် မြင့်တက်လာပြီး တပ်မတော်ရဲ့ ဆောင်ရွက်ချက်တွေအပေါ် ဝေဖန်ထောက်ပြလာကြခြင်းပဲ ဖြစ်ပါတယ်။ ပေါက်ကိုယ်တော်မှ မဟုတ်ပါဘူး။ အနယ်နယ်အရပ်ရပ် က ဆရာတော်သံဃာတော်များက လိုအပ်ရင် လူထွက်ပြီး တပ်မတော်နဲ့အတူ လိုက်တိုက်ပေးမယ်လို့ ပြောခဲ့ကြပြီး ဖြစ်ပါတယ်။ ၃နှစ်တာ ကာလ မြိုသိပ်ခဲ့တဲ့ စကားတွေ MNDAA အကြမ်းဖက်အဖွဲ့က မလျော်ကန်တဲ့ လုပ်ရပ်တွေ လုပ်ဆောင်လာချိန်မှာ မြိုသိပ်မထားနိုင်တော့ဘဲ ပွင့်အံကျလာခြင်းပဲ ဖြစ်ပါတယ်။

နိုင်ငံတော်တာဝန်ရှိသူများအနေနဲ့လည်း မိမိတို့ရဲ့ အားနည်းချက်ကို ပြန်လည်ဆန်းစစ်ကြည့်ရင် သိသာထင်ရှားစွာ တွေ့မြင်နိုင်ပါတယ်။ ၃နှစ်တာကာလအတွင်း အကြမ်းဖက်အဖွဲ့များက သံဃာတော် အပါး ၉၀ကျော်၊ ဆရာ/ဆရာမနှင့် အစိုးရဝန်ထမ်း၊ အပြစ်မဲ့ ပြည်သူပေါင်း ၈၀၀၀ နီးပါးအထိ အကြမ်းဖက်အဖွဲ့များက သတ်ဖြတ်ခဲ့သည့်တိုင်အောင် အကြမ်းဖက်နှိမ်နင်းရေးဆောင်ရွက်ချက်တွေက ယနေ့အချိန်အထိ တိကျမှန်ကန် ထိရောက်တဲ့ အခြေအနေမျိုးကို ပြောင်းလဲလာတာ မရှိဘူး။ နိုင်ငံတော်ပိုင် (ပြည်သူပိုင်) လမ်းတံတားတွေ၊ အဆောက်အဦးတွေ၊ ဆက်သွယ်ရေးတာဝါတိုင်တွေ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ပမာဏ တွက်ဆကြည့်နိုင်ပါတယ်။ နောက်ဆုံး ဘာသာရေးစော်ကားမှုတွေကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်လာသည်အထိ ခွေးရူးများနဲ့တူသော အကြမ်းဖက်အဖွဲ့များရဲ့ သရုပ်သကန်က အောက်တန်းကျလွန်းသည်မှာ ထင်ရှားလွန်းလှပါသည်။

NUG, PDF နဲ့အတူ အကြမ်းဖက်မှုတွေ ကျူးလွန်လာကြတဲ့ KIA, KNU, MNDAA, TNLA, AA အစရှိသော သူပုန်အဖွဲ့များဟာ ခွေးရူးနဲ့တူပါတယ်။ လက်နက်မဲ့ ပြည်သူများအပေါ် အနိုင်ကျင့် ဗိုလ်ကျ စော်ကား၊ ပြည်သူလူထုရဲ့ နေ့စဉ်လူမှုစီးပွားဘဝကို အတိဒုက္ခရောက်အောင် လုပ်ဆောင်နေကြခြင်းဖြစ်ပြီး ဒီလို အကြမ်းဖက်လုပ်ရပ်တွေကို တော်လှန်ရေးလို့ အသံကောင်းဟစ်နေကြတာ ဖြစ်ပါတယ်။ ခွေးရူးနဲ့ ပြိုင်ကိုင်ဖို့ မတန်တာတော့ အမှန်ပါ။ သို့ပေသော် ခွေရူးကိုက်တာကိုချည်း ခံနေရတာလည်း ရှက်စရာ ဖြစ်ပါတယ်။ ရဟန်းရှင်လူပြည်သူများက တပ်မတော်ခေါင်းဆောင်ကြီးများကို ဝေဖန်ထောက်ပြပြောဆိုနေရခြင်းက ခွေးရူးကိုက်တာကို မခံရစေဖို့၊ ခွေးရူးများကို ပြတ်ပြတ်သားသား ရှင်းလင်းဖို့ အရေးဆိုနေကြခြင်းပဲ ဖြစ်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)