ရခိုင်ပြည်နယ် မောင်တောမြို့၌ ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသောဆန်အိတ်များအား ဘုန်းတော်ကြီးကျောင်းများသို့ ဆက်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသောဆန်အိတ်များအား ဘုန်းတော်ကြီးကျောင်းများသို့ ဆက်ကပ်လှူဒါန်း





MNP ၊  ဇန်နဝါရီ    ၂

ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ၊မောင်တောမြို့၌ ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ဆန်အိတ် များ အား  မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ယမန်နေ့ နေ့လယ် ၁ နာရီအချိန် တာဝန်ရှိသူများက သွား ရောက် လှူဒါန်းခဲ့ကြကြောင်းသိရသည်။

ထိုသို့ ဆက်ကပ်လှူဒါန်းရာတွင်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံထွန်းအောင် ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး  ဦးမောင်မောင်ကြီး ၊ သာ သနာရေးမှူး ခရိုင်ဦးစီးမှူး ဦးကျော်ဇင်ဦး တို့က  မြို့ပေါ်ရှိ  ဘုန်းတော်ကြီးစာသင်တိုက်တစ်တိုက် ၂၄ ပြည်ပါ ဆန်အိတ် သုံးအိတ် ၊ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းလျှင်  ၂၄ ပြည်ပါ ဆန်အိတ် တစ်အိတ် နှုန်းဖြင့် ဘုန်းတော်ကြီးကျောင်း ၁၄ ကျောင်း စုစုပေါင်း ဆန်အိတ် ၁၇ အိတ် တို့ကို ဆက်ကပ် လှူဒါန်း ခဲ့ကြ ကြောင်း သိရသည်။


သက်လွင်စိုး ၊အောင်ကျော်စိန်

https://t.me/MyanmarNationalPost

 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)