ဆင်ပေါင်ဝဲမြို့နယ်၌ အရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံရောင်းချပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆင်ပေါင်ဝဲမြို့နယ်၌ အရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံရောင်းချပွဲအခမ်းအနား ကျင်းပ




MNP  ၊ဇန်နဝါရီ  ၉

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ် (ဧပြီမှမတ်လအထိ)အရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံရောင်းချပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆင်ပေါင်ဝဲမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချန်ဖီယာန်က "လေလံရောင်းချပွဲသို့ တက်ရောက်လာသော လုပ်ငန်းရှင်များအနေဖြင့် လိုင်စင်စည်းကမ်းအတိုင်း ဝင်ရောက်ယှဉ်ပြိုင်ကြရန်၊ မိမိအကျိုးစီးပွားအတွက် ထည့်သွင်းစဉ်းစားရန်လိုသကဲ့သို့ အများအတွက်လည်း ထည့်သွင်းစဉ်းစားရန်လိုအပ်ကြောင်း၊ မိမိတို့ဘက်မှလည်း လိုင်စင်မရှိဘဲ ဆောင်ရွက်နေသူများအား ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး လေလံရောင်းချရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးကျော်ကိုကိုအောင်မှ လေလံစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ်(ဧပြီမှမတ်လအထိ) အရပ်ရပ်အခွင့်အရေးလိုင်စင်များကို တင်ဒါစနစ်နှင့် စျေးပြိုင်စနစ် ၄၈ ခု ရောင်းချခဲ့ရာတွင် တင်ဒါစနစ်ဖြင့် ၂၅ ခု၊ စျေးပြိုင် ၁ ခု လေလံရောင်းချရကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။


ခန့်ဝင်း(ဆင်ပေါင်ဝဲ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)