ဂွမြို့နယ်တွင် လူငယ်များအနေဖြင့် ရွေးချယ်စားသောက်ရမည့် အစားအစာအကြောင်း အသိပညာပေး ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် လူငယ်များအနေဖြင့် ရွေးချယ်စားသောက်ရမည့် အစားအစာအကြောင်း အသိပညာပေး ဆွေးနွေး




MNP ၊  ဇန်နဝါရီ    ၉

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် စားသုံးသူရေးရာ ဦးစီးဌာနမှ လူငယ်များအနေဖြင့် ရွေးချယ်စားသောက်ရမည့် အစားအစာအကြောင်း အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်မာမာလေးက ကျောင်းသား၊ကျောင်းသူများအနေဖြင့် မိမိတို့စားသောက်မည့် အစားစာများကို ရွေးချယ်စားသောက်ရာတွင် ထုပ်ပိုးမှုလုံခြုံမှု ရှိ/မရှိ၊ အစားအစာသက်တမ်း သတ်မှတ်ရက်မကျော်လွန်ခြင်း ရှိ/မရှိ၊ မိမိတို့နားလည်သည့် စာပေဖြင့်ရေးသားထားခြင်း ရှိ/မရှိ၊ မိမိနှင့်ဓာတ်မတဲ့သည့်ပါဝင်ပစ္စည်းပါရှိခြင်းရှိ/မရှိ စသည့်အချက်များကို ကြည့်ရှုပြီး FDAထောက်ခံချက်ပါရှိသည့် အစားအသောက်များကိုသာ ရွေးချယ်စားသောက်သင့်ကြောင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့မှုအပေါ် ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)