အကြမ်းဖက်လှုပ်ရှားမှု ပပျောက်ရေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက်လှုပ်ရှားမှု ပပျောက်ရေး



နောင်တော်လေး (ဘိုကလေး)


ယနေ့အချိန်မှာ နိုင်ငံတဝှမ်း စိုးရိမ်ပူပန်မှု မြင့်တက်နေတာက အကြမ်းဖက်လှုပ်ရှားမှု ဖြစ်ပါတယ်။ အကြမ်းဖက်လှုပ်ရှားမှုကို ဦးဆောင်တဲ့ ပြည်ပြေး ဝရမ်းပြေး NLD ပါတီ ဦးဆောင်သူများက CRPH, NUG အစရှိသော အကြမ်းဖက်အဖွဲ့အစည်းများ ဖွဲ့စည်းပြီး သူတို့ကို ထောက်ခံအားပေးခြင်း မရှိတဲ့ ရဟန်းရှင်လူပြည်သူ၊ အစိုးရဝန်ထမ်းများကို သတ်ဖြတ်ခိုင်းတဲ့ လုပ်ရပ်တွေ ကျူးလွန်နေကြပါတယ်။ NLD ကို ထောက်ခံအားပေးတဲ့ လူငယ်များ၊ ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ NLD ပါတီဝင်များက အကြမ်းဖက်သမားများအဖြစ်နဲ့ ကိုယ့်ပြည်သူအချင်းချင်း သတ်ဖြတ်နေကြခြင်းပဲ ဖြစ်ပါတယ်။

NLD အစွန်းရောက်များကို အကြမ်းဖက်သင်တန်းပေးပြီး အကြမ်းဖက်လှုပ်ရှားမှုများကို ဦးဆောင်နေတာကတော့ KNU, KIA အဓိကပဲ ဖြစ်ပါတယ်။ မြန်မာပြည် အောက်ပိုင်းက NLD ထောက်ခံသူတွေကို KNU က အကြမ်းဖက်သင်တန်းပေးပြီး မြို့ပြပြောက်ကျား အကြမ်းဖက်လှုပ်ရှားသူများအဖြစ်နဲ့ ခိုင်းစေပါတယ်။ ရန်ကုန်မြို့နဲ့ ဧရာဝတီတိုင်းဒသေကြီးဘက်မှာ အကြမ်းဖက်လှုပ်ရှားမှုတွေ လုပ်ဆောင်နေကြတဲ့ NLD ထောက်ခံသူများဟာ KNU တပ်ဖွဲ့များထံမှာ အကြမ်းဖက်သင်တန်း၊ ဖောက်ခွဲရေးသင်တန်း တက်ခဲ့ကြသူများပဲ ဖြစ်ပါတယ်။ မြန်မာပြည် အထက်ပိုင်းက NLD အစွန်းရောက်များကိုတော့ KIA တပ်စခန်းများမှာ အကြမ်းဖက်သင်တန်းပေးခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အကြမ်းဖက်လှုပ်ရှားမှုမှာဆိုရင် KIA, PDF ပူးပေါင်းဆောင်ရွက်နေကြခြင်းဖြစ်တာကိုလည်း အထူးပြောဖို့ လိုမယ်မထင်ပါဘူး။


ရန်ကိုရန်ချင်း မတုန့်နှင်းနဲ့

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေ က အလုံးစုံပျက်သုဉ်းရေးကို ဦးတည်ပြီး NLD ပါတီဝင်များကို အကြမ်းဖက်သမားများအဖြစ် အသုံးချပြီး လူမဆန်တဲ့ လုပ်ရပ်တွေကျူးလွန်နေချိန်မှာ အကြမ်းဖက်မှုကို မလိုလားတဲ့ ပြည်သူများက သည်းခံခွင့်လွှတ်စိတ်နဲ့ပဲ နေခဲ့ကြပါတယ်။ NLD အစွန်းရောက်များကဲ့သို့ အကြမ်းဖက်လုပ်ရပ်ကို အကြမ်းဖက်နည်းနဲ့ တုန့်ပြန်တာမျိုး ယခုအချိန်အထိ မရှိသေးပါဘူး။ မဖြစ်သာတဲ့အဆုံး ဥပဒေဘောင်အတွင်းကနေ ကာကွယ်နိုင်ဖို့ ပြည်သူ့စစ်သင်တန်းတက် ရပ်ရွာများကို ကာကွယ်ရတဲ့ အလုပ်တွေ လုပ်ဆောင်လာကြရပါတယ်။

ပြည်ပြေး ဝရမ်းပြေး ပြည်ပသြဇာခံ နိုင်ငံရေးလုပ်စားသူများနဲ့ ပြည်ဖျက်မီဒီယာများရဲ့ လုပ်ကြံဖန်တီး လှုံ့ဆော်မှုတွေဟာ အများပြည်သူ အတိဒုက္ခရောက်အောင် ဖန်တီးနေခြင်းဖြစ်တာကို သိရှိနားလည်တဲ့ ပြည်သူများက ဆင်ခြင်တုံတရားနဲ့ နေထိုင်ကြသော်လည်း နီပိန်း အစွန်းရောက် နိုင်ငံရေးမှိုင်းတိုက်မှုတွေကို အစွန်းရောက် ယုံကြည်သူတွေကတော့ သံဃာတော်၊ ဆရာ/ဆရာမများကိုပါ သတ်ဖြတ်ရန် ဝန်မလေးတဲ့အထိ မိုက်လုံးထွားလာခဲ့ကြပါတယ်။ ဒီလို နီပိန်း အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်တွေအပေါ် အများပြည်သူက သူတို့လိုပဲ အကြမ်းဖက်နည်းနဲ့ တုန့်ပြန်ကြမယ်ဆိုရင် နေ့စဉ် လူသတ်ပွဲတွေ မြင်မကောင်း၊ ရှုမကောင်းအောင် ဖြစ်ပေါ်နေပါလိမ့်မယ်။ နီပိန်း အစွန်းရောက် အကြမ်းဖက်ဝါဒီများ ဘယ်နေ့များ အသိတရားရလေမလဲလို့ စောင့်ကြည့်ရင်းက အကြမ်းဖက်လုပ်ရပ်တွေက လျော့ပါးသွားခြင်းမျိုး မရှိဘဲ နောက်ကွယ်က ကူညီပံ့ပိုးမှု အားကောင်းလာသည်နှင့်အမျှ အကြမ်းဖက်လှုပ်ရှားမှုကလည်း အားကောင်းနေဆဲ ဖြစ်ပါတယ်။


ပျက်ယွင်းနေသော အစိုးရယန္တရား

အခြားသော တိုင်းပြည်တွေမှာ နိုင်ငံတာဝန်ထမ်းဆောင်သူများဟာ မိမိတို့ကို ပေးအပ်ထားတဲ့ လုပ်ငန်းတာဝန်မျာအးပေါ် တာဝန်မကျေဘူး၊ တာဝန်ပျက်ကွက်တယ်လို့ အများပြည်သူက ဝေဖန်ထောက်ပြပြောဆိုလာတဲ့အခါ မိမိလုပ်ရပ်အပေါ် ပြန်လည်သုံးသပ်ပြီး တရားဝင် လူသိရှင်ကြား ကြေညာပြီး နှုတ်ထွက်သွားတာမျိုးတွေ၊ အများပြည်သူကို ပြန်လည်တောင်းပန်တဲ့ အလေ့အကျင့်ကောင်းတွေ ရှိပါတယ်။ မြန်မာပြည်ရဲ့ အုပ်ချုပ်ရေးယန္တရားမှာ တာဝန်ရှိသူတွေကတော့ ပေးအပ်ထားတဲ့ လုပ်ငန်းတွေတာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ဖို့ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိဖို့ ဆိုသည်ထက် တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို တလွဲအသုံးချပြီး ကိုယ်ကျိုးရှာလိုမှု၊ အများပြည်သူပေါ်က ဂုပ်သွေးစုပ်လိုမှုက ရှေ့တန်းကို ရောက်နေတာမျိုးလည်း ရှိတတ်ပါတယ်။ အဆိုးဆုံး အခြေအနေမှာ အကြမ်းဖက်သမားများကို သတင်းပေးတာ၊ အကြမ်းဖက်သမားများကို လာဘ်လာဘရယူပြီး လွှတ်ပေးတာမျိုးတွေအထိ မလုပ်သင့်တဲ့ လုပ်ရပ်တွေ ရှိလာပါတယ်။ အကြမ်းဖက်သမားများကို ဖော်ထုတ်ဖမ်းဆီးနေရသလို အကြမ်းဖက်အားပေး လုပ်ရပ်များ လုပ်ဆောင်နေတဲ့ တာဝန်ရှိသူများကို (ဖရဲသီး)အဖြစ် နဲ့ ဖော်ထုတ်ထိန်းသိမ်းရတဲ့ အခြေအနေမျိုးတွေလည်း ရှိလာပါတယ်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နှင့် နိုင်ငံရေးပါတီခေါင်းဆောင်များ တွေ့ဆုံမှု

အကြမ်းဖက်လှုပ်ရှားမှုဟာ (၃)နှစ်ပြည့်ဖို့ ရက်ပိုင်းသာ လိုပါတော့တယ်။ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူများနဲ့ ပြည်ဖျက်မီဒီယာများရဲ့ လှုံ့ဆော်မှုကြောင့် ပြည်တွင်းမှာရှိတဲ့ နီပိန်းတွေ ဖွဲ့စည်းထားတဲ့ PDF အကြမ်းဖက်အဖွဲ့များနဲ့ တိုင်းရင်းသား လက်နက်ကိုင်အမည်ခံ သောင်းကျန်းသူများရဲ့ သတ်ဖြတ်မှုတွေကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ၊ နိုင်ငံဝန်ထမ်း (၇၆၀၀)ကျော်အထိ သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ ၆-၁-၂၀၂၄ ရက်နေ့ နံနက်ပိုင်းမှာတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နဲ့ နိုင်ငံရေးပါတီ (၃၉)ပါတီက တာဝန်ရှိသူများ တွေ့ဆုံခဲ့ကြပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က "ရွေးကောက်ပွဲအောင်မြင် အထမြောက်စေရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိစဉ် လက်နက်ကိုင်အကြမ်းဖက်မှုဖြစ်စဉ်များသည် အဟန့်အတားများ ဖြစ်ပေါ်စေလျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် တည်ငြိမ်အေးချမ်းမှုဆောလျင်စွာရရှိရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် ပြုလုပ်၍ ရသည်ဖြစ်သော်လည်း နိုင်ငံရေးအရ သိက္ခာရှိသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် တိုင်းပြည်ကိုကောင်းအောင် ဆောင်ရွက်သွားမည်ဟူသည့် စိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးသွားကြရန်လိုကြောင်း၊ တက်ရောက်လာကြသည့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများအနေဖြင့် နိုင်ငံတော်ကောင်းရာကောင်းကျိုးအတွက် လိုအပ်သည်များကိုလည်း ပွင့်ပွင့်လင်းလင်းဆွေးနွေးအကြံပြုကြရန် ဖိတ်ခေါ်ပါကြောင်း" ဖြင့် ပြောကြားခဲ့ပါတယ်။

သတင်းထုတ်ပြန်ချက်အရ နိုင်ငံရေးပါတီတာဝန်ရှိသူများက ပြည်သူ့လုံခြုံရေးစနစ်တွင်ပါတီများမှ ပါဝင်အားဖြည့်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ တိုင်းရင်းသားပြည်သူလူထုအားလုံး တိုင်းချစ်ပြည်ချစ်စိတ်များ တိုးတက်ဖြစ်ပေါ်လာစေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုအပ်မှု၊ နိုင်ငံရေးပါတီများနှင့်ပတ်သက်၍ ချမှတ်ထားရှိသည့် စည်းကမ်းသတ်မှတ်ချက်များအနက် အချို့သောအချက်များကို ဖြေလျော့ပေးစေလိုမှု၊ ဒီမိုကရေစီစနစ်ထွန်းကားပြန့်ပွားရေး၊ ပြည်သူ့လုံခြုံရေးစနစ် ခိုင်မာစွာဖြစ်ပေါ်လာရေးတို့အတွက် နိုင်ငံရေးပါတီများကို အခွင့်အလမ်းများ ဖော်ဆောင်ခွင့်ပြုပေးစေလိုမှု၊ ဒေသအလိုက်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးစေလိုမှု၊ ပါတီရုံးများဖွင့်လှစ်ရာတွင် အခက်အခဲများရှိသည့်အတွက် နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးစေလိုမှု၊ သန်းခေါင်စာရင်းများ မှန်ကန်စွာ ကောက်ယူနိုင်ရေးအတွက် ဆောင်ရွက်သင့်သည့် ကိစ္စရပ်များ၊ နိုင်ငံတော်လုံခြုံရေးအတွက် ဆောင်ရွက်သင့်သည့် ကိစ္စရပ်များ၊ ဆန္ဒမဲပေးခွင့်ရှိသူ နိုင်ငံသားတိုင်းမဲပေးခွင့်ရရှိရေး၊ အခွင့်အရေးဆုံးရှုံးမှ မရှိစေရေး နိုင်ငံတော်မှ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုမှုများကို အသီးသီးဆွေးနွေးပြောကြားခဲ့ကြောင်း သိရပါတယ်။


အကြမ်းဖက်လှုပ်ရှားမှု ပပျောက်ရေး

နိုင်ငံတော်အကြီးအကဲများဟာ အစိုးရယန္တရားအတွင်းက သတင်းများကို အခြေခံပြီး ပြောဆိုကြတာ ဖြစ်ပါတယ်။ အစိုးရယန္တရားမှာ တာဝန်ထမ်းဆောင်နေကြသူများက မိမိဒေသအခြေအနေမှန်ကို တင်ပြရင်တော့ နိုင်ငံတော်အကြီးအကဲများက ပြည်သူလူထုကြားမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေကို ဟုတ်တိုင်းမှန်စွာ သိနိုင်ပါတယ်။ အချို့သော ပုဂ္ဂိုလ်များက အကြမ်းဖက်လှုပ်ရှားမှုများ ရှိနေပါလျက် မရှိလေသယောင်၊ အကြမ်းဖက်လှုပ်ရှားမှုကို မနှိမ်နင်းပါဘဲ နှိမ်နင်းနေသယောင် လုပ်ကြံဖန်တီးရေးသား တင်ပြမှုတွေလည်း ရှိမှာပဲ ဖြစ်ပါတယ်။ 

ပြည်သူလူထုနဲ့ ပိုပြီး နီးစပ်တဲ့ နိုင်ငံရေးပါတီခေါင်းဆောင်များက လူထုအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေကို ပိုပြီး သိရှိနားလည်ကြပါတယ်။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာများက လုပ်ကြံဖန်တီးလှုံ့ဆော်နေတဲ့ သဘောသဘာဝတွေကို အများပြည်သူ သဘောပေါက်နားလည်အောင် ရှင်းလင်းပြောဆိုနိုင်စွမ်း ရှိကြပါတယ်။ ပြည်ပြေး ဝရမ်းပြေးတွေက လူ့အခွင့်အရေးကို လိုသလို အသုံးချပြီး ပြောဆိုနေမှုတွေ ရေလည်အောင် ရှင်းလင်းပြောဆိုနိုင်စွမ်း ရှိပါတယ်။ ဒီမိုကရေစီအရေးတော်ပုံလို့ မှိုင်းတိုက်နေမှုအပေါ်မှာလည်း ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတဲ့ လုပ်ရပ်တွေ လုပ်ဆောင်နေတဲ့ အပေါ်မှာလည်း ပြည်သူများနားလည်သည်အထိ ဆွေးနွေး ပြောဆိုနိုင်စွမ်း ရှိကြပါတယ်။


အကြမ်းဖက်လှုပ်ရှားမှု ပပျောက်ရေး ဖြစ်နိုင်သမျှ နည်းလမ်းများနဲ့ ဆောင်ရွက်ရာမှာ ကျေးရွာ/ ရပ်ကွက်များကို ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာကွယ်တဲ့နည်းလမ်းသည်လည်း တစ်ခုဖြစ်ပါတယ်။ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲနဲ့ အကြမ်းဖက်လှုပ်ရှားမှုကို သိသိသာသာ အားပေးထောက်ခံနေတာတွေ ရှိသလို မသိမသာ အားပေးထောက်ခံနေကြတဲ့ ပြည်သူများကို ဆွေးနွေးပြောဆိုပြီး အကြမ်းဖက်လှုပ်ရှားမှုကို ထောက်ခံအားပေးခြင်း မပြုဖို့ ဆောင်ရွက်နိုင်တဲ့ နည်းလမ်းလည်း ရှိပါတယ်။ ဒီနည်းလမ်းအတွက် နိုင်ငံရေးပါတီများက ပူးပေါင်းဆောင်ရွက်နိုင်ပါတယ်။ နိုင်ငံရေးသမားများနဲ့ ပြည်သူများကို တွေ့ဆုံခွင့်ပေးရမယ့် အချိန်ဖြစ်ပါတယ်။ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများက လုံခြုံရေးရာ ကူညီဆောင်ရွက်ပေးသင့်ပါတယ်။ နိုင်ငံရေးပါတီ ဦးဆောင်သူများအနေနဲ့လည်း ပြည်သူနဲ့ တွေ့ဆုံနိုင်မှ သူတို့ရဲ့ သဘောထားရပ်တည်ချက်ကို ပြည်သူများ သိရှိနားလည်အောင် ရှင်းပြနိုင်မယ်။ သူတို့အတွက်လည်း အကျိုးရှိပါတယ်။ ပြည်သူများအနေနဲ့လည်း အသိမှား အမြင်မှား ဖြစ်နေတာတွေကို ပြန်လည်တွေးတောဆင်ခြင်နိုင်မယ့် အသိတရားရသွားနိုင်ပါတယ်။

တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ရှေးရှုပြီး တိုင်းရင်းသားပြည်သူများရဲ့ လူမှုစီးပွားဘဝ ကောင်းကျိုးဖြစ်စေလိုတဲ့ နိုင်ငံရေးခေါင်းဆောင်များအနေနဲ့တော့ မလိုလားအပ်တဲ့ နိုင်ငံရေးပဋိက္ခ ဖန်တီးမှုတွေကို ရှောင်ရှားပါလိမ့်မယ်။ မလိုလားအပ်တဲ့ နိုင်ငံရေးပဋိပက္ခ ကြီးထွားအောင် ဖန်တီးပြောဆိုမှုမျိုးတွေ လုပ်ဆောင်လာခဲ့ရင်လည်း ဥပဒေအရ ထိန်းသိမ်းဆောင်ရွက်ရမှာပဲ ဖြစ်ပါတယ်။

အကြမ်းဖက်လှုပ်ရှားမှု က လူမျိုးရေး ပဋိပက္ခဆီကို ဦးတည်လုပ်ဆောင်လာနေတာကို ထင်ထင်ရှားရှား မြင်တွေ့လာရပါပြီ။ ၂၀၁၀ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနဲ့အတူ ယှဉ်တွဲပါလာတဲ့ လူမျိုးရေးပဋိပက္ခ၊ ဘာသာရေးပဋိပက္ခဖန်တီးမှုတွေကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ ပေါ်ပေါက်လာခဲ့တာကို ဆင်ခြင်သုံးသပ်ပြီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဆီ ဦးတည်လာတဲ့ လုပ်ဆောင်ချက်တွေကိုတော့ လုံးဝ မျက်ကွယ်ပြုမထားသင့်ပါဘူး။ ပြဿနာ မကြီးထွားမီ အချိန်မီ ထိန်းသိမ်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

၂၀၂၀ မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီခေါင်းဆောင်များ တွေ့ဆုံမှုအပြီး အဓမ္မနည်းလမ်းနဲ့ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ရယူဖို့ ကြိုးစားခဲ့တဲ့ လုပ်ရပ်ကို တစ်ခန်းရပ်ခဲ့ရပါတယ်။ ထပ်မံပြီး အာဏာလက်မဲ့ဖြစ်သွားတဲ့ NLD ပါတီ က အကြမ်းဖက်လှုပ်ရှားမှုနဲ့အတူ အလုံးစုံပျက်သုဉ်းရေးကို ဦးတည်လုပ်ဆောင်လာချိန်မျာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံခဲ့တဲ့ တွေ့ဆုံမှုအပေါ် ကောင်းမွန်တဲ့ အရွေ့တစ်ခုဆီ ဦးတည်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။    ။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)