ခင်ဦးမြို့နယ်၊ မြင်းဒေါင်းရွာမှ ပြည်သူ ၃၀ ကျော်ကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးထားပြီး ရွာထဲမှာအထိုင်ချထားကြောင်း သတင်းတု၊ သတင်း အမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခင်ဦးမြို့နယ်၊ မြင်းဒေါင်းရွာမှ ပြည်သူ ၃၀ ကျော်ကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးထားပြီး ရွာထဲမှာအထိုင်ချထားကြောင်း သတင်းတု၊ သတင်း အမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ



MNP ၊ ဇန်နဝါရီ ၅ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ မြင်းဒေါင်းရွာမှ ပြည်သူ ၃၀ ကျော်ကို ဇန်နဝါရီ ၃ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားပြီး ရွာထဲမှာအထိုင်ချ ထားကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။


အဆိုပါသတင်းနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်အတွင်း ရှိ ကျေးရွာမျးတွင် PDF အမည်ခံအကြမ်းဖက်သမားများက ကျေးရွာများအတွင်းဝင်ရောက်၍ မီးရှို့ဖျက်ဆီးမှုများ၊ လူသစ်စုဆောင်းမှုများ၊ ငွေကြေးခြိမ်းခြောက်တောင်းခံခြင်းများအား အကြမ်းဖက် လုပ်ဆောင်လျက်ရှိသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေ တည်ငြိမ်ရေးနှင့် လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိခြင်းအပေါ် မဟုတ်မမှန်ရေးသားဖြန့်ဝေ နေခြင်းဖြစ်ပြီး အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးထားခြင်းနှင့် ကျေးရွာအတွင်း တပ်စွဲထားခြင်း မရှိကြောင်း သက်ဆိုင်ရာလုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရ ပါသည်။


အကြမ်းဖက်အားပေးမီဒီယာများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော ကောလာဟလ သတင်းများကို ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲများဖြင့် လုပ်ကြံရေးသားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဂုဏ်သိက္ခာကျဆင်းစေရန်နှင့် ပြည်သူများမှ အထင်အမြင်လွဲမှားစေရန် လူမှုကွန်ရက် စာမျက်နှာများမှတဆင့် သတင်းတု၊ သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ ရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)