ပေါင်မြို့နယ်၌ သဘာဝဘေးဒဏ်ခံနိုင်သော ရပ်ရွာဖြစ်စေရေး အိုးအိမ်များ အားဖြည့်ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ သဘာဝဘေးဒဏ်ခံနိုင်သော ရပ်ရွာဖြစ်စေရေး အိုးအိမ်များ အားဖြည့်ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်

 





MNP  ၊  ဇန်နဝါရီ  ၂၃

မွန်ပြည်နယ်၊ပေါင်မြို့နယ် ၊ မုတ္တကျေးရွာရှိ ဆင်းရဲနွမ်းပါးသည့်နေအိမ်များ သဘာဝဘေးအန္တရာယ် ဒဏ်ခံနိုင်သည့် နေအိမ်များဖြစ်စေရန်အတွက် အိုးအိမ်များ   အားဖြည့်ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းများကို  ဇန်နဝါရီလ  ( ၁၉ ) ရက်နေ့မှယနေ့အထိ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင်  မွန်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်းပြီး နွေဦးကာလနှင့်မိုးကြိုကာလရာသီပြောင်းချိန်တွင်  မုန်တိုင်းဘေးနှင့် သဘာဝဘေးအန္တရာယ်များ  ကျရောက်လေ့ရှိသဖြင့် ရပ်ကွက်/ကျေးရွာများအတွင်း  ဆင်းရဲနွမ်းပါးသည့်  အိမ်ထောင်စုများ၊အိုမင်းမစွမ်းအိမ်ထောင်စုများ၏ နေအိမ်များကို  သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ဆုံးရှံးမှု နည်းနိုင်သမျှ  နည်းပါးစေရန်   ပေါင်မြို့နယ်၊မုတ္တမကျေးရွာအုပ်စုရှိ  ဇာကတွန်ရွာတွင် နေအိမ်  (၁၀၀)  ၊ဝါရီရူရွာတွင် နေအိမ် (၁၀၀) အား သွပ်နန်းကြိုးများ တုပ်ဆိုင်းပေးခြင်း၊ ကျားကန်

ထောင်မတ်ပေးခြင်း၊ ဝါးထရံ၊ဓနိ၊သက်ကယ်များ အသုံးပြုပြီး အားဖြည့်ပြင်ဆင်မွမ်းမံမှုများကို ပြုလုပ်မည်ဖြစ်ပါကြောင်းသိရသည်။


မွန်မလေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)