မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုရှိ မူးယစ်ကြီးကြပ်ရေးမှူးများအား လုပ်ငန်းခွင်ဝတ်စုံနှင့် ထောက်ပံ့ကြေးပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုရှိ မူးယစ်ကြီးကြပ်ရေးမှူးများအား လုပ်ငန်းခွင်ဝတ်စုံနှင့် ထောက်ပံ့ကြေးပေးအပ်ပွဲကျင်းပ






တာမွေ    ဇန်နဝါရီ    ၅

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည် ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုရုံးတွင် မူးယစ်ကြီးကြပ်ရေးမှူး တာဝန်ထမ်းဆောင်လျက်ရှိသော မူးယစ်ကြီးကြပ် ရေးမှူးများအား လုပ်ငန်းခွင်ဝတ်စုံနှင့် ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းအချိန်က အဆိုပါ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟို ရုံးဝင်းအတွင်းရှိ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။

အခမ်းအနားတွင် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟို ဥက္ကဋ္ဌ ဦးစံရှိန်က ပွဲကျင်းပ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသားလူငယ်ထု ဆက်သွယ်ရေးသံတမန် ဟာသ သရုပ်ဆောင် လူရွှင်တော် ဦးချစ်ချောက မူးယစ်ကြီးကြပ်ရေးမှူးများအား လုပ်ငန်းခွင်နှင့် ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်အချက်များကို အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟို ဥက္ကဋ္ဌ ဦးစံရှိန်၊ အတွင်းရေးမှူး ဒေါ်ခင်ခင်ဝင်းနှင့် ကျောင်းသားလူငယ်ထု ဆက်သွယ်ရေးသံတမန် ဟာသ သရုပ်ဆောင် လူရွှင်တော် ဦးချစ်ချောတို့က မူးယစ်ကြီးကြပ်ရေးမှူးများအား လုပ်ငန်းခွင်ဝတ်စုံနှင့် ထောက်ပံ့ကြေးများ အသီးသီးပေးအပ်ခဲ့သည်။

“ မူးယစ်ကြီးကြပ်ရေးမှူးများအနေဖြင့် ကွင်းဆင်းပြီး လုပ်ငန်းများ ဆောင်ရွက်တဲ့အခါ သာမန်အရပ်သား အနေနဲ့ သွားတဲ့အခါမှာ ကိုယ့်ကိုယ်ကို လုံခြုံမှုမရှိပါဘူး။ အသင်းအဖွဲ့ မှတ်ပုံတင်တဲ့အခါမှာ အသိအမှတ်ပြု တင်ပြ ထားတဲ့ ဝတ်စုံကိုဝတ်ပြီး သွားခြင်းအားဖြင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာနိုင်မှာလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ ခံယူချက် အသိ၊ သတိလည်း ပြည်စုံပါတယ်။ ဒါ့ကြောင့် ဒီဝတ်စုံနှင့်လာခေါ်ရင် မိဘပြည်သူများအနေနဲ့ သိရှိဖို့က မူးယစ် ဆေးစွဲလူနာတွေကို ဆေးရုံတင်ဖို့ လာခေါ်တယ်ဆိုတာ သိဖို့လိုပါတယ်။ ဒါ့ကြောင့် ဦးထုပ်မှာ နိုင်ငံတော်အလံကို တပ်ပါတယ်။ ရင်ဘတ်မှာ အမှောင်ထဲကလူ အလင်းကူဆိုတဲ့ လက်ဖြူ၊ လက်မည်း တံဆိပ်လေးကို ထားပါတယ်။ နောက်ပြီး မိဘပြည်သူများအနေနဲ့ ဘိန်းကို ဖျက်ဆီးတဲ့အခါမှာ ပူးပေါင်းပါဝင်ဖို့ဆိုတဲ့ အဓိပ္ပာယ်နဲ့ ဘိန်းသီးကို မီးရှို့ ဖျက်ဆီးနေတဲ့ ပုံလေးထည့်ထားပါတယ်။ ဒီလိုဂိုဟာလည်း သက်ဆိုင်ရာ အသင်းအဖွဲ့ မှတ်ပုံတင်ဦးစီးဌာနကို တင်ပြပြီး သလို အသင်းလိုဂိုကို မူပိုင်ခွင့်ကိုတင်ပြီး မှတ်ပုံတင်ဖို့လည်း စီစဉ်နေတာရှိပါတယ်။ ဒါ့ကြောင့် ဒီဝတ်စုံသည် ကျွန်တော် တို့နဲ့ လက်တွဲဆောင်ရွက်နေတဲ့ လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုတွေကို စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးပြီး ရုပ်ပိုင်းဆိုင်ရာ ခိုင်မာ ယုံကြည်မှုရှိအောင် ဒီဝတ်စုံကို ထုတ်ပေးတာဖြစ်ပါတယ် ” ဟု မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟို ဥက္ကဋ္ဌ ဦးစံရှိန်က ဆိုသည်။

မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ) ဗဟိုအနေဖြင့် မူးယစ်ဆေးဖြတ်လူနာများအား စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲ စောင့်ရှောက်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၀-ပြည့်နှစ်တွင် မူးယစ်ဆေးဖြတ်လူနာ(၃၂)ဦး၊ ၂၀၂၁-ခုနှစ်တွင် မူးယစ်ဆေးဖြတ်လူနာ(၆၄)ဦး၊ ၂၀၂၂-ခုနှစ်တွင် မူးယစ် ဆေးဖြတ်လူနာ(၉၇)ဦး၊ ၂၀၂၃-ခုနှစ်တွင် မူးယစ်ဆေးဖြတ်လူနာ(၉၈)ဦးနှင့် ၂၀၂၄-ခုနှစ်တွင် မူးယစ်ဆေးဖြတ်လူနာ (၁၄)ဦးကို စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲ စောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိခဲ့ပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)