ရေတာရှည်မြို့နှင့် ထီးလင်းမြို့နယ်တို့တွင် တပ်မတော်မှ လက်နက်ကြီး ပစ်ခတ်မှုများ ကြောင့် ပြည်သူအချို့ သေဆုံး၊ ဒဏ်ရာရရှိမှုနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက် မီဒီယာများက မဟုတ် မမှန်ရေးသား ဖြန့်ဝေလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေတာရှည်မြို့နှင့် ထီးလင်းမြို့နယ်တို့တွင် တပ်မတော်မှ လက်နက်ကြီး ပစ်ခတ်မှုများ ကြောင့် ပြည်သူအချို့ သေဆုံး၊ ဒဏ်ရာရရှိမှုနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက် မီဒီယာများက မဟုတ် မမှန်ရေးသား ဖြန့်ဝေလျက်ရှိ




MNP ၊ ဇန်နဝါရီ ၂၃ 

ပဲခူတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဇန်နဝါရီ ၂၁ ရက်က တပ်မတော်မှ ၁၂၀ မမလက်နက်ကြီးဖြင့် ၈ လုံးပစ်ခတ်ခဲ့ရာ ရှမ်းစု ကျေးရွာ အတွင်း ၃ လုံး ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၂ လုံး ပျက်စီးသွားခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက် မီဒီယာများက လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန် ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိ ရသည်။


အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ ၎င်းရက်နေ့တွင် ရေတာရှည်မြို့နယ်အတွင်း ပြည်သူများ နေထိုင်ရာ မြို့၊ ရွာ များကို တပ်မတော်မှ ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်မှုမရှိ ကြောင်း သိရှိရသည်။


အလားတူ မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်၊ တောရောင်းကျေးရွာ အနီးသို့ ဇန်နဝါရီ ၂၁ ရက်နေ့က တပ်မတော်မှ လက်နက်ကြီးနှင့်ပစ်ခတ်ခဲ့၍ အမျိုးသား ၂ ဦး သေဆုံး ခဲ့ပြီး အမျိုးသမီး ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတု၊ သတင်းအမှား များကို Khit Thit Media က လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်ရေးသား ဖြန့်ဝေနေ သည်ကို တွေ့ရှိရသည်။


အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူ တစ်ဦး ၏ ပြောကြားချက်အရ ဇန်နဝါရီ ၂၁ ရက်နေ့က ၎င်းကျေးရွာအနီးသို့ လက်နက်ကြီး ဖြင့် ပစ်ခတ်မှုမရှိကြောင်း၊ ကောလာဟလ သတင်းအမှားများသာ ဖြစ်ကြောင်း သိရှိရ သည်။


တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် တပ်မတော်၏ ဂုဏ်သိက္ခာကျဆင်း စေပြီး ပြည်သူများမှ အထင်အမြင်လွဲမှားစေရန်အတွက် ကောလာဟလ သတင်းများကို လူမှုကွန်ရက်စာမျက်နှာများပေါ်တွင်လုပ်ကြံရေးသားပြီး အကြောက်တရားများ၊ အမုန်း တရားများကို လေလှိုင်းပေါ်မှတဆင့် နည်းလမ်းမျိုးစုံဖြင့် ပြည်သူများအား လှုံ့ဆော် ဝါဒဖြန့်နေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)