တပ်ကုန်းမြို့နယ် ငွေတောင်တောရပရိယတ္တိစာသင်တိုက်၌ (၁၄)ကြိမ်မြောက် ကျေးဇူးဆပ်ပူဇော်ကန်တော့ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်ကုန်းမြို့နယ် ငွေတောင်တောရပရိယတ္တိစာသင်တိုက်၌ (၁၄)ကြိမ်မြောက် ကျေးဇူးဆပ်ပူဇော်ကန်တော့ပွဲအခမ်းအနား ကျင်းပ



MNP ၊ဇန်နဝါရီ ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်ရပ်ကွက်၊ ငွေတောင်တောရပရိယတ္တိစာသင်တိုက်မှ ဘဝနတ်ထံ စံလွန်တော်မူသွားကြကုန်သော ကျေးဇူးတော်ရှင် မဟာထေရ်မြတ်ကြီးများနှင့် သက်တော်ရှည်ဆရာတော်များအား ငွေတောင်တောရ ပရိယတ္တိစာသင်တိုက်နွယ်ဖွား တပည့်သံဃာတော်များ၊ ဒကာ၊ ဒကာမများက ကျေးဇူးဆပ်ပူဇော် ကန်တော့ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါစာသင်တိုက်ရှိ ဦးရှောင်ဟိုဗိမာန်တော်ကြီးတွင် ကျင်းပခဲ့သည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရာကန်တော့ဖွင့်လှစ်ပြီး၊ ငွေတောင်တောရ ပရိယတ္တိစာသင်တိုက်မှ ဘဝနတ်ထံ စံလွန်တော်မူသွားကြကုန်သော ကျေးဇူးတော်ရှင် မဟာထေရ်မြတ်ကြီးများအား ဩကာသအခွင့်ခံယူ၍ လက်အုပ်ချီမိုး ရှိခိုးပူဇော်ကန်တော့ကြပြီး၊ ငွေတောင်တောရပရိယတ္တိစာသင်တိုက်နွယ်ဖွား သက်တော်ရှည်ဆရာတော်ကြီး ကိုးပါးအား ညီငယ်သံဃာတော်များက ဩကာသကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကြပြီးနောက် သစ္ဆိန်ပင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဦးဝိပုလက ကန်တော့ခံဆရာတော်ကြီးများ၏ကိုယ်စား ဆုပေးတော်မူခဲ့သည်။

ထို့နောက် ကျေးဇူးဆပ်ပူဇော်ကန်တော့ပွဲကျင်းပရေး ဦးဆောင်နာယက ပဏ္ဍိတာရာမ စာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တပဏ္ဍိတာနန္ဒက သမ္မောဒနီယကထာ ချီးမြှင့်ပေးတော်မူပြီးနောက် ငွေတောင်တောရပရိယတ္တိစာသင်တိုက် နွယ်ဖွား တပည့်သံဃာတော်များ၊ ဒကာ၊ ဒကာမများက လှူဒါန်းသည့် အလှူတော်ငွေများအား အလှူရှင်များ၏ ကိုယ်းစား ဦးတင်ငွေက ငွေတောင်တောရပရိယတ္တိစာသင်တိုက် ဂေါပကအဖွဲ့ဝင် ဦးအောင်ဝင်းအား ပေးအပ်လှူဒါန်းခဲ့ပြီးနောက် လှူဒါန်းမှုအစုစုများကို ငွေတောင်တောရပရိယတ္တိစာသင်တိုက်၊ ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တဦးဝိဇ္ဇောတကက  ရေစက်ချအမျှပေးဝေပြီး၊ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။


တင်စိုးလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)