ရွှေတောင်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

  





MNP ၊ ဇန်နဝါရီ- ၈

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်၊ မြို့နယ် မီးသတ်ဦးစီးမှူးရုံးခန်းမတွင်ယနေ့နံနက်ပိုင်းက အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး           ( မွမ်းမံ) သင်တန်း  ( ၁/ ၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။

      အခမ်းအနားတွင် ရွှေတောင်မြို့နယ် ခေတ္တ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး အုန်းမြင့်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ ၊ ဒု-တပ်ရင်းမှူး ဦးအေးမြင့်က သင်တန်းအရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး  ( မွမ်းမံ) သင်တန်း  ( ၁/ ၂၀၂၄) သင်တန်းကို ရည်ရွယ်ချက် ( ၃) ရပ်ဖြစ်သည့်သတိ၊ သစ္စာ ၊သတ္တိဟူသောဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်မှ ချမှတ်သည့်ထား  သည့်မူဝါဒများကို သိရှိနားလည်သဘောပေါက်ပြီး ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်စေရန်၊ အခြေခံမီးသတ်ပညာ ၊ရှာဖွေကယ်ဆယ်ရေးပညာများကို ကိုယ်စီ ကျွမ်းကျင်စွာတတ်မြောက်စေရန်၊ လက်တွေ့အသုံးချနိုင်စေရန်အတွက်ရည်ရွယ်လေ့ကျင့်ပေးခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူး အုန်းမြင့်က အရန်မီးသတ်တပ်ဖွဲ့ဝင်များ အတွက်တူညီဝတ်စုံများပေးအပ်ရာ မြို့နယ်အရန်မီးသတ်   ဒု-တပ်ရင်းမှူး ဦးအေးမြင့်မှ  လက်ခံရယူခဲ့သည်။

    အဆိုပါသင်တန်းအား ( ၈. ၁.  ၂၀၂၄)  မှ ( ၂. ၂.  ၂၀၂၄) ထိ ( ၄)  ပတ်ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းနည်းပြ ( ၃)  ဦးဖြင့် သင်တန်းသား ( ၅၀)  ဦးတို့အား အခြေခံမီးသတ်ပညာ ၊ရှာဖွေကယ်ဆယ်ရေးပညာများကို စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း ရွှေတောင်မြို့နယ်မီးသတ်   ဦးစီးမှူးရုံးမှ သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)