MNP ၊ ဇန်နဝါရီ ၃၀
ရှမ်းပြည်(တောင်ပိုင်း) ဆီဆိုင်မြို့နယ်အတွင်း PNLA နှင့် KNDF အကြမ်းဖက်အဖွဲ့က ပူးပေါင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး တိုက်ပွဲများ ဖြစ်ပေါ်လျက်ရှိလာ ဆီဆိုင်မြို့ကို တပ်မတော်စစ်ကြောင်းက ပြန်လည် ထိန်းချုပ်ထားပြီး ကျေးရွာများအား ဆက်လက်နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယမန်နေ့က ဖြစ်ပေါ်ခဲ့သော ထိတွေ့မှုဖြစ်စဉ်များနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ထားရာတွင် ကယားပြည်နယ်၊ မိုးဗြဲမြိုနယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် KNDFနှင့် PDF ပူးပေါင်း ၂၀ ဦးခန့် က ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ရှင်းလင်းခဲ့ရပြီး PDF ၁ လောင်း၊ Type-81 ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၂၀ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အလားတူ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းရှိ ဆေးခန်းကုန်းအား ပြန်လည်သိမ်းပိုက်စဉ် AA သောင်းကျန်းသူ အင်အား ၁၅၀ ခန့်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ရာဘာကုန်းသို့ AA သောင်းကျန်းသူ ၅၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့၍ ညောင်ပင်ကုန်းသို့ ရောက်ရှိပူးပေါင်းခဲ့ပြီး ခမရ(၅၄၀) ဗဟိုကင်းသို့ ပြန်လည်ချီတက်တိုက်ခိုက်ခဲ့ရာ ဗဟိုကင်းအား ပြန်လည်သိမ်းပိုက်ရရှိခဲ့ပြီး AAအကြမ်းဖက်သမား ၂ လောင်း၊ ဘီအေ(၇၉) ၁ လက်၊ အာရ်ပီဂျီ ၁ လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်အတွင်း နယ်မြေရှင်းလင်းစဉ် PDF ၅၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် တပ်မတော်က လေကြောင်းပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment