ငပလီမြို့တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပလီမြို့တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ




MNP  ၊   ဇန်နဝါရီ  ၃

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီ မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက် နေ့တွင်ကျရောက်မည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေး သတင်းစကားလက်ကမ်း စာစောင်များကို ယနေ့ ၊ နေ့လယ်ပိုင်းက အထက ငပလီ ကျောင်း ခန်းမ၌ကျောင်းသားကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်(၅)ရပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကောက်နုတ်ချက်၊ ပြည်တွင်းစည်းလုံးညီညွတ်မှုကသာလျှင်အဓိကအကျဆုံးဖြစ် ဆောင်းပါး၊ (၂၀-၁-၁၉၄၆)ရက်နေ့၊ အလယ်ပစ္စယံညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းပြောကြားသော အမျိုးသားညီ ညွတ်ရေး မိန့်ခွန်းကောက်နှုတ်ချက်၊ ၊ ကဗျာ၊ သရုပ်ဖော်ကာတွန်းနှင့် ဆောင်ပုဒ်များ စသည့်  စိတ်ဝင်စားဖွယ်အကြောင်းအရာများ စုံလင်စွာပါဝင်ကြောင်း သိရ သည်။


မြင့်မြင့်အေး

  https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)