တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ဌာနဆိုင်ရာ နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေးနေမှုအား ကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ဌာနဆိုင်ရာ နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေးနေမှုအား ကြည့်ရှုအားပေး




MNP ၊ ဇန်နဝါရီ ၁၇

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအဖြစ် ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ကို ယနေ့နံနက်ပိုင်းတွင် ဆေးထိုးစုရပ်ဖြစ်သည့် ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ထိုးနှံပေးလျက်ရှိသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တရားသူကြီးများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ အရာထမ်း၊ အမှုထမ်း များနှင့် မိသားစုဝင်များအား ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ အရာထမ်း၊ အမှုထမ်းများနှင့် မိသားစုဝင်များ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံနေမှုအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ကာကွယ်ဆေး ထိုးနှံပေးသော နေရာများတွင် တိုင်းဒေသကြီး အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအသင်းအဖွဲ့များက ကူညီဆောင်ရွက်ပေးခဲ့သည်၊၊

ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)ထိုးနှံပေးခြင်းကို အသက်(၆၅)နှစ်နှင့်အထက် နိုင်ငံ့ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များ၊ အသက်(၆၅)နှစ်နှင့်အထက် အများပြည်သူများအား ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရပြီး ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးမှာ ဂျာမဏီနိုင်ငံမှ ထုတ်လုပ်သော Pfizer အမျိုးအစားဖြစ်ကြောင်း သတင်းရသည်၊၊

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)