မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ (၁/၂၀၂၄) အစည်းအဝေးနှင့် အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂) Consultation Meeting ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ (၁/၂၀၂၄) အစည်းအဝေးနှင့် အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂) Consultation Meeting ကျင်းပ



MNP ၊ ဇန်နဝါရီ ၃၁

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ (၁/၂၀၂၄) အစည်းအဝေးနှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂)ဆိုင်ရာ အကြုံပြု အစည်းအဝေးကို ယမန်နေ့က  နေပြည်တော်၊ Max  Hotel ၌ ကျင်းပသည်။

ဉီးစွာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီနှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသား အဆင့်မဟာဗျူဟာစီမံကိန်း (National Strategic Plan for the Advancement of Women NSPAW) Phase II (၂၀၂၃-၂၀၃၂) ရေးဆွဲရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန် ကြီး ဒေါက်တာစိုးဝင်းက  NSPAW Phase II (၂၀၂၃-၂၀၃၂) ရေးဆွဲထားရှိမှုအပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များ၊ NSPAW ဦးဆောင်ကော်မတီဝင် များ၏ သဘောထားမှတ်ချက်များ၊ အကြံပြုချက်များရယူပြီး အတည်ပြုနိုင်ရန်၊  NSPAW Phase II ပါ လုပ်ငန်းစဉ်များအပေါ် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် အမျိုးသမီးကော်မတီ များနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့အစည်းများ၏ အမြင်၊ သဘောထားများပါဝင်နိုင်စေရန်နှင့်  ပြည်ထောင်စုနယ်မြေ နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်၊ အမျိုးသမီးကော်မတီများက သက်ဆိုင်ရာကော်မတီများအလိုက် CEDAW , NSPAW Phase II တို့နှင့် စပ်လျဉ်းပြီး အသိပညာပေး ဆောင်ရွက်နိုင်ရန် အစည်းအဝေးခေါ်ယူခြင်းဖြစ်ပါကြောင်း၊ နိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်ရှိသော အမျိုးသမီးများ၏ အင်အားဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို တစ်ဖက်တစ်လမ်းမှ ပါဝင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဆင့်ဖွဲ့စည်းထားရှိသည့် အမျိုးသမီးကော်မတီများအနေဖြင့်လည်း ချမှတ် ထားသည့် မူဝါဒများ၊ လုပ်ငန်းတာဝန်များနှင့်အညီ အကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာ ကော်မတီဝင် ဌာနဆိုင်ရာများနှင့် ပူးပေါင်းညှိနှိုင်းချိတ် ဆက်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ လုံးဆိုင်ရာ အမျိုးသမီးကော်မတီ (၂/၂၀၂၃) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေ အနေများကို ရှင်းလင်းတင်ပြပြီး ညွှန်ကြားရေးမှူးများက  6th CEDAW Report နှင့် NSPAW Phase II လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင် ဒုတိယဝန်ကြီးများက အကြံပြုဆွေးနွေးကြသည်။ 

အစည်းအဝေး ဒုတိယပိုင်းတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က "အာဆီယံနိုင်ငံများရှိ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံအဆင့်ယန္တရားများ ခိုင်မာအားကောင်းလာစေရေး အလုပ်ရုံဆွေးနွေးပွဲ"နှင့် ပတ်သက်ပြီး ရှင်းလင်း တင်ပြသည်။ တိုင်းဒေသကြီး/ပြည်နယ် အမျိုးသမီး ကော်မတီများနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာဌာနများမှ ကျား၊ မရေးရာတာဝန်ခံများက NSPAW Phase II ရေးဆွဲထားရှိမှုအပေါ် အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)