ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် MNDAA, TNLA အကြမ်းဖက်သောင်းကျန်းသူများအား တိကျပြတ်သားစွာ နှိမ်နင်းပေးရန် တောင်းဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် MNDAA, TNLA အကြမ်းဖက်သောင်းကျန်းသူများအား တိကျပြတ်သားစွာ နှိမ်နင်းပေးရန် တောင်းဆို








MNP ၊ ဇန်နဝါရီ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ ဗုဒ္ဓဘာသာဝင်များအတွက် အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအားဖျက်ဆီးစော်ကားနေသည့် MNDAA, TNLA အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချပွဲကို ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက်ပိုင်းက ကျိုက္ကလွန်ပွန်းဘုရားအနီးဥမ္မာဒန္တီကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ကန့်ကွက်ရှုတ်ချပွဲကို ဓနုဖြူမြို့ ကျိုက္ကလွန်ပွန်းဘုရားအနီးဥမ္မာဒန္တီကွင်း၌  စုရုံးစီတန်းပြီး နိုင်ငံတော်အလံအလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်းသီဆိုခြင်း၊ ကြွေးကြော်သံများ သံပြိုင်ရွတ်ဆိုခြင်း၊  (မျိုးချစ်မြန်မာ့ရဟန်းတော်များသမဂ္ဂ) မှ ဆရာတော် ဦးပညာဝံသဦးဆောင်၍ မပုတု (အမျိုးသားရေးတက်ကြွလှုပ်ရှားသူ)တို့မှ ဗုဒ္ဓဘာသာဝင်များအတွက် အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက် သောင်းကျန်းသူများနှင့် သာသနာဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချကြောင်းဟောပြောခဲ့ပြီး  ဇာတိမာန်သီချင်းကို သံပြိုင်ရွတ်ဆိုခဲ့ကြောင်း သိရသည်။


ထို့နောက် ကန့်ကွက်ရှုတ်ချပွဲသို့ တက်ရောက်လာကြသည့် သံဃာတော်များနှင့် ဒေသခံပြည် သူများက ကျိုက္ကလွန်ပွန်းဘုရားအနီးဥမ္မာဒန္တီကွင်းမှ မြို့ပေါ်ရပ်ကွက်များအတွင်း စုရုံးစီတန်း လှည့်လည်၍ ဗုဒ္ဓဘာသာစော်ကားဖျက်စီးနေကြသည့် မိစ္ဆာများအား (ဆန့်ကျင်ကြ-ဆန့်ကျင်ကြ)၊ စေတီပုထိုးနှင့် ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးနေကြသည့် အကြမ်းဖက်သမားများနဲ့ သာသနာဖျက်များအား (ဆန့်ကျင်ကြ-ဆန့်ကျင်ကြ)၊ ဒို့ဘာသာ ဒို့သာသနာ ဒို့ယဉ်ကျေးမှုဖျက်ဆီး စော်ကားသူများအား (ဆန့်ကျင်ကြ-ဆန့်ကျင်ကြ)၊ အကြမ်းဖက်အားပေး လောက်ကောင်များအား (အလိုမရှိ-အလိုမရှိ)၊ သာသနာဖျက်အကြမ်းဖက်သမားများအား (အလိုမရှိ-အလိုမရှိ)၊ ဗုဒ္ဓသာသနာကို ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သမားများ(ကျဆုံးပါစေ-ကျဆုံးပါစေ)၊ စေတီပုထိုးဆင်းတုတော်များအား ဖျက်ဆီးနေသည့်အကြမ်းဖက်မိစ္ဆာများ(ကျဆုံးပါစေ-ကျဆုံးပါစေ)စသည့် စာသားများပါ ဆိုင်းဘုတ်များနှင့် သာသနာ့အလံများ ကိုင်ဆောင်ကာ ကြွေးကြော်သံများ ကြွေးကြော်၍ စီတန်းလှည့်လည်ရှုတ်ချခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)